ရှန်ဟိုင်းမာစတာ ရွှေရောင်အုပ်စုရဲ့ ဒုတိယ ပတ်လည်ပြိုင်ပွဲမှာ စပိန်သား ရာဖယ်နာဒယ်က တစ်နိုင်ငံတည်းဖွား ရိုဘာဒိုကို (၇ - ၆)၊ (၆ - ၂)နဲ့ အနိုင်ရခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ ရာဖယ်နာဒယ်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အမေရိကန်စတား ဂျိမ်းဘ ရိတ်ကို ရှုံးနိမ့်ခဲ့သလို ကမ္ဘာ့အဆင့် (၆)ဖြစ်တဲ့ ရိုဘာဒိုကလည်း ရုရှသား ဒေဗီဒန်ကိုကို ရှုံးနိမ့် ခဲ့ပါတယ်။
အသက် (၂၄)နှစ်ရှိ စပိန်သား ရိုဘာဒိုဟာ ယခုပွဲထပ်မံ ရှုံးနိမ်ခဲ့တဲ့ အတွက် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ရေး မျှော်လင့်နိုင်မှာ မဟုတ်တော့ပေမယ့် နာဒယ်ကတော့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။
အုပ်စုတူဖြစ်တဲ့ အမေရိကန်စတား ဂျိမ်းဘရိတ်က ရုရှသား ဒေဗီဒန်ကိုကို (၂ - ၆)၊ (၆ - ၄)၊ (၇ - ၅)နဲ့ အနိုင်ရကာ နိုင်ပွဲဆက်ခဲ့ပါတယ်။ ဒေဗီဒန်ကိုက အဖွင့်ပွဲစဉ်မှာ စပိန်သား ရိုဘာဒိုကို အနိုင်ရထားပါတယ်။
အသက် (၂၆)နှစ်ရှိ ဂျိမ်ဘရိတ်က “ကျနော်ဒီကို ရှုံးပွဲမရှိဘဲနဲ ရောက်လာခဲ့ပါတယ်။ ထိပ်သီး ကစားသမား စာရင်းထဲမှာ ကျနော် အမှန်တကယ်ပါချင်လို့ ကြိုးစားပြီး သက်သေပြနေပါ တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ယနေ့ ရွှေရောင်အုပ်စုရဲ့ နောက်ဆုံးပွဲစဉ်မှာ ရော်ဂျာဖာဒါရာနဲ့ လွတ်ဘစ်ဆစ်၊ နယ်ဗန်ဒီရန်နဲ့ ရော့ဒစ်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် အနီရောင်အုပ်စုရဲ့ နောက်ဆုံး ပွဲစဉ်တွေ မှာတော့ နာဒယ်နဲ့ ဒေဗီဒန်ကို၊ ဂျမ်းဘရိတ်နဲ့ ရိုဘာဒိုတို့ ကစားကြမှာ ဖြစ်ပါတယ်။
|