DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဒုတိယ အုပ်စုပတ်လည်မှာ ကံကောင်းလို့ ရော့ဒစ်ကို နိုင်တာပါလို့ ရော်ဂျာ ဖာဒါရာ ပြော
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၅၊ ၂၀၀၆

ကမ္ဘာ့အဆင့် (၁) ရော်ဂျာ ဖာဒါရာဟာ ဒုတိယမြောက် အနီရောင် အုပ်စုပတ်လည်မှာ အမေရိ ကန်စတား ရော့ဒစ်ရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို ခုခံကာကွယ်ပြီး (၄ - ၆)၊ (၇ - ၆)၊ (၆ - ၄)နဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာ ဖာဒါရာက “ရော့ဒစ်ဟာ ပထမ နှစ်ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ နောက် ဆုံးပွဲမှာသာ သူ့ရဲ့ ရိုက်ချက်တွေဟာ အားနည်းခဲ့လို့ ကံမကောင်း ဖြစ်ခဲ့တာပါ” လို့ ပြောဆို ခဲ့ပါတယ်။

အသက် (၂၆)နှစ်ရှိ ဖာဒါရာက ဆက်လက်ပြီး “ကျနော် အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပွဲ နှစ်ပွဲမှာ ရော့ဒစ်ရဲ့ ကြီးမားပြင်းထန်တဲ့ စပေးဘောတွေ ထိမ်းချုပ်ဖို့အတွက် ခက်ခဲခဲ့ပါတယ်။ နောက်ဆုံးမှာ ကံကြမ္မာက ကျနော်ဖက်မှာ ရှိနေခဲ့ပါ တယ်” လို့ ပြောပါတယ်။

ရော်ဂျာ ဖာဒါရာဟာ အနီရောင် အုပ်စုပတ်လည်မှာ နှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ဖို့အတွက် လမ်းကြောင်း ဖြောင့်ဖြူးနေပြီး ကမ္ဘာ့အဆင့် (၅)ဖြစ်တဲ့ ရော့ဒစ်ကတော့ ခရိုအေးရှားသား လတ်ဘစ်ဆစ်ကို အနိုင်ရအောင် ကစားဖို့ လိုပါ တယ်။

အုပ်စုတူတွေဖြစ်တဲ့ ခရိုအေးရှားက လွတ်ဘစ်ဆစ်က အာဂျင်တီးနားက လက်ရှိချန်ပီယံ နယ်ဘန်ဒီယန်ကို (၅ - ၇)၊ (၇ - ၆)၊ (၇ - ၅)နဲ့ အနိုင်ရခဲ့တဲ့အတွက် ဆီးမီးဖိုင်နယ် တက်နိုင်ရေး မျှော်လင့်ချက် ရောင်ခြည်သန်း သွားပြီ ဖြစ်ပါတယ်။

အနီရောင်အုပ်စုရဲ့ ပထမအဆင့် ပတ်လည်မှာတုန်းက ဖာဒါရာက နယ်ဘန်ဒီယန်ကို အနိုင်ရ ထားပြီး ရော့ဒစ်က လွတ်ဘစ်ဆစ်ကို အနိုင်ရထားပါတယ်။

ယနေ့မှာ ရွှေရောင်အုပ်စုပတ်လည်က ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ဒေဗီဒန်ကို (ရုရှ) နဲ့ အဆင့် (၈)ဖြစ်တဲ့ ဂျိမ်းဘရိတ် (အမေရိကန်)၊ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ် (စပိန်)နဲ့ အဆင့် (၃)ဖြစ်တဲ့ ရိုဘာဒို (စပိန်) တို့ အသီးသီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


ရော့ဒစ်ရဲ့ စပေးဘောတွေကို အသဲအသန်
လိုက်ဆယ်နေတဲ့ ဖာဒါရာ