DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရှန်ဟိုင်း မာစတာ ရွှေရောင်အုပ်စု ပတ်လည်မှာ အမေရိကန်စတား ဂျိမ်းဘရိတ်က ကမ္ဘာ့ အဆင့် (၂) နာဒယ်ကို အနိုင်ရ
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၄၊ ၂၀၀၆

အမေရိကန် တင်းနစ်စတား ဂျိမ်းဘရိတ်ဟာ ရှန်ဟိုင်းမာစတာပြိုင်ပွဲ အုပ်စုတွင်း ပတ်လည် ပွဲများမှာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ စပိန်က ရာဖယ်န်ာဒယ်ကို အကောင်းဆုံး ရိုက်ချက်တွေနဲ့ ယမန်နေ့ကို အနိုင်ယူခဲ့ပါတယ်။

ဂျိမ်းဘရိတ်ဟာ ကမ္ဘာအဆင့် (၈)ဖြစ်ပြီး ရာဖယ်နာဒယ်ကို(၆ - ၄)၊ (၇ - ၆)နဲ့ ရွှေရောင် အုပ်စု အတွင်းမှာ ပွဲဦးထွက် အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဘရိတ်ဟာ နောက်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားသား နယ်ဘန်ဒီရန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ရှန်ဟိုင်းမာစတာပြိုင်ပွဲ (ATP) ဟာ ကမ္ဘာ့ထိပ်တန်း အမျိုးသား (၈)ဦး ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပြီး ကမ္ဘာ့အဆင့်အလိုက် နံပါတ်စဉ်များအတိုင်း မအုပ်စုကို အနီရောင်အုပ်စု၊ စုံအုပ်စုကို ရွှေရောင် အုပ်စုဆိုပြီး အုပ်စုခွဲကာ ယှဉ်ပြိုင်ရပါတယ်။

ပွဲအပြီးမှာ အသက် (၂၆)နှစ်ရှိ ဘရိတ်က “ကျနော်ဟာ နောက်ဆုံးလူတစ်ယောက် မဟုတ် ပါဘူး။ အမှန်တကယ်တော့ဟာ ကျနော် နောက်ဆုံးလူတစ်ယောက်ပါ” လို့ သူ့ရဲ့ ကမ္ဘာ့ အဆင့်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၂) ရာဖယ်နာဒယ်က “ပြဿနာက ကျနော် အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဒီပွဲဟာ ကျနော်ပွဲ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ ကျနော်ရဲ့ ယုံကြည်ချက် တွေ ပျောက်ဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

တဖက်အုပ်စုဖြစ်တဲ့ ရွှေရောင်အုပ်စု ပတ်လည်ပွဲမှာတော့ ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ရုရှသား ဒေဗီဒန်ကိုက အဆင့် (၆)ဖြစ်တဲ့ စပိန်က တွမ်မီ ရိုဘရေဒိုကို (၇ - ၆)၊ (၃ - ၆)၊ (၆ - ၁)နဲ့ အနိုင်ရခဲ့ပါတယ်။

ယနေ့မှာ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ရော်ဂျာဖာဒါရာဟာ အဆင့် (၅)ဖြစ်တဲ့ ရော့ဒစ်နဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး ခရိုအေးရှားက အဆင့်(၄)ဖြစ်တဲ့ လွတ်ဘစ်ဆစ်က အဆင့် (၇)ဖြစ်တဲ့ အာဂျင်တီး နားက နယ်ဘန်ဒီယန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အုပ်စုနှစ်ခုစီမှ အုပ်စုပနဲ့ ဒုရတဲ့ ကစားသမားတွေဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကို လာမယ့် (၁၉)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစဉ်တလျောက်မှာ ရှုံးပွဲမရှိတဲ့ဘဲ အနိုင်ရဗိုလ်စွဲတဲ့သူဟာ ကမ္ဘာ့အဆင့် (၁)နေရာကို ရယူနိုင်မှာ ဖြစ်သလို ဆုကြေးငွေ ဒေါ်လာ (၁)သန်း (၅)သိန်း (၂)သောင်း ရရှိမှာ ဖြစ်ပါတယ်။


ဂျိမ်းဘရိတ် အောင်ပွဲခံနေစဉ်

အနီရောင် အုပ်စု

ရော်ဂျာဖာဒါရာ (ကမ္ဘာ့အဆင့် ၁) (ဆွစ်ဇာလန်)
လွတ်ဘစ်ဆစ် (ကမ္ဘာ့အဆင့် ၄) (ခရိုအေးရှား)
ရော့ဒစ် (ကမ္ဘာ့အဆင့် ၅) (အမေရိကန်)
နယ်ဘန်ဒီယန် (ကမ္ဘာ့အဆင့် ၇) (အာဂျင်တီးနား)

ရွှေရောင် အုပ်စု

ရာဖယ်နာဒယ် (ကမ္ဘာ့အဆင့် ၂) (စပိန်)
ဒေဗီဒန်ကို (ကမ္ဘာ့အဆင့် ၃) (ရုရှ)
ရိုဘာတို (ကမ္ဘာ့အဆင့် ၆) (စပိန်)
ဂျိမ်းဘရိတ် (ကမ္ဘာ့အဆင့် ၈) (အမေရိကန်)