DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ပဲရစ်မာစတာဖလားကို ကမ္ဘာ့အဆင့် (၅)ဖြစ်တဲ့ ရုရှသား ဒေဗီဒန်ကိုက အနိုင်ရ သိမ်းပိုက်
ရိုက်တာ - နိုဝင်ဘာ ၆၊ ၂၀၀၆

ရုရှသား နီကိုလေ ဒေဗီဒန်ကိုက ဆလိုဗက်ကီးယားသား ဒိုမီနစ် ဟာဘတ်တီကို ပဲရစ်မာစတာ ဖလား ဗိုလ်လုပွဲမှာ (၆ - ၁)၊ (၆ - ၂) နဲ့ (၆ - ၂)နဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

ပဲရစ်မာစတာဖလားဟာ ဒေဗီဒန်ကိုအတွက် တစ်နှစ်အတွင်း (၅) ကြိမ်မြောက် ဆုဖလားဖြစ်ပြီး ကမ္ဘာ့ထိပ်သီး ကစားသမားတွေ ဖြစ်တဲ့ ရာဖယ် နာဒယ်၊ ဂျိမ်းဘရိတ်ကီတို့ရခဲ့တဲ့ ဆုတွေနဲ့ စံချိန်တူ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်တစ်ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာကတော့ ယခုနှစ်အတွင်း (၁၁) ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

“ဒါဟာ အံ့သြစရာ ကောင်းပါတယ်။ ပဲရစ်မာစတာ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တာ ကျနော်အတွက် ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် အရမ်း အရေးကြီးပါတယ်” လို့ ဒေဗီဒန်ကိုက ပြောဆိုခဲ့ပါ တယ်။

အသက် (၂၅)နှစ်ရှိ ဒေဗီဒန်ကိုဟာ ယခုနိုင်ပွဲကြောင့် ယခင်ကမ္ဘာ့အဆင့် (၅)ကနေ (၃)အထိ မြင့်တက်သွားခဲ့ပါတယ်။ ပဲရစ်မာစတာပြိုင်ပွဲကို ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာ ပွဲပန်း နေတဲ့အတွက် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိပါဘူး။


ဒေဗီဒန်ကိုနဲ့ ပဲရစ်မာစတာ ဆုဖလား