ယမန်နေ့ညက အီမာရိတ်မှာ အာစင်နယ်က ပြိုင်ဖက် လီဗာပူး အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ နောက်ခံလူ တိုရေးက အာစင်နယ်အနေနဲ့ ပရီးမီးယားရှစ်ချန်ပီယံ ဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာစင်နယ်အတွက် အနိုင်ဂိုးတွေကို (၄၁)မိနစ်မှာ ဖလာမီနီ၊ (၅၆) မိနစ်မှာ တိုရေးနဲ့ (၈၀)မိနစ်မှာ ဂါးလက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ယင်းပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အာစင်နယ်နောက်ခံလူ ဂါးလက်စ်က ရရှိခဲ့ပါတယ်။
တိုရေးက “ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ နောက်ပွဲစဉ်တွေမှာလည်း နိုင်ပွဲ ဆက်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့မှာ အကောင်းဆုံး ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် နိုင်ပွဲရဖို့ပဲ လိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အိုင်ဗရီကို့စ် နောက်ခံလူ တိုရေးက “ကျနော်တို့ အနေနဲ့ ဒီခြေစွမ်းမျိုးကို ဆက်ထိန်းထားနိုင်ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပါတယ်” လို့ ထပ်ပြောပါတယ်။
လီဗာပူးဟာ ယခုရှုံးပွဲကြောင့် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အိမ်မက်ဟာ အလှမ်းဝေးသွားပြီး ဇယားထိပ်ဆုံးက မန်ယူနဲ့ (၁၄)မှတ်အကွာမှာ ရှိနေပါတယ်။ အာစင်နယ်ဟာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၃)အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။
စပါးစ်အသင်းကတော့ ပြီးခဲ့တဲ့အပတ်ပွဲစဉ်က ချဲလ်ဆီးကို အနိုင်ယူခဲ့ပေမဲ့ ယခုပွဲမှာတော့ တန်းတက် ရီဒင်းအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အဝေးကွင်းမှာ အညံ့ခံလိုက်ရပါတယ်။ ဦးဆောင် ဂိုးကို စပါးစ်အသင်းက (၂၄)မိနစ်မှာ ရော်ဘီကင်းက ပင်နယ်တီကနေ တဆင့် သွင်းယူ ပေးခဲ့ပါတယ်။
ရီဒင်းအသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို (၃၈)မိနစ်မှာ ရော်ရေ၊ (၄၅)မိနစ်မှာ ဆိုက်ဝဲ၊ (၇၉) မိနစ်မှာ ဒိုလီတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
|