ဘော်လ်တန် တိုက်စစ်မှူး ဒီယော့ဖ်ဟာ ဇနီးဖြစ်သူ ဗယ်လာရီကို အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်ခဲ့သဖြင့် ပြီးခဲ့တဲ့အပတ်က တနင်္ဂနွေနေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရ ပါတယ်။
အသက် (၂၅)နှစ်ရှိ ဒီယော့ဖ် အချုပ်ခန်းမှာ ခေတ္တဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ “တနင်္ဂနွေနေ့ မနက် (၆)နာရီ (၄၅)လောက်မှာ ဒီယော့ဖ်ရဲ့ အိမ်လိပ်စာနဲ့အတူ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပွားနေ ကြောင်း သတင်းပို့ချက် ရခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
၎င်းထုတ်ပြန်ချက်မှာ “ရဲတပ်ဖွဲ့အနေနဲ့ အသက် (၂၅)နှစ်ရှိ အမျိုးသားတစ်ယောက်က ဇနီးသည်အပေါ်မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျုးလွန်ခဲ့တဲ့တယ်လို့ သံသယရှိ တဲ့အတွက် ပုဒ်မ (၄၇)နဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူ့အနေနဲ့ ဒီနေ့မှာ နောက်ထပ် စုံစမ်းမေမြန်း မှုတွေအတွက် ရဲစခန်းသို့ လာရောက်ရမှာ ဖြစ်ပါတယ် ” လို့ ဆက်လက် ဖော်ပြထားပါတယ်။
ဆီနီဂေါ လက်ရွေးစင်နဲ့ ယခင် အာဖရိကအကောင်းဆုံး ဘောလုံးသမားဟောင်း ဒီယော့ဖ်ဟာ ၂၀၀၂မှာ ပြင်သစ်ကလပ် လန်းစ်ကနေ လီဗာပူးကို ပေါင် (၁၀)သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။ ၂၀၀၄မှာ လီဗာပူးက ဒီယော့ဖ်ကို နှစ်နှစ်ထက်ပိုတဲ့ အငှားစာချုပ်နဲ့ ဘော်လ်တန်ကို အငှား ချထားခဲ့ပါတယ်။
|