နိုင်ငံပေါင်း (၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့် (၁၅)ကြိမ်မြောက် အာရှအာကစားပွဲတော်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီဇင်ဘာ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး မြန်မာက အာကစားနည်း (၇)မျိုးမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒိုဟာ အာရှအားကစားပြိုင်ပွဲမှာ အားကစားနည်းပေါင်း (၄၆)မျိုး ပါဝင်ပြီး အားကစား သမား ပေါင်း (၁၁၂၀၃)ဦး ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာက ကစားသမား (၄၀)ဦးနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း (၇)မျိုးမှာ ရွက်လှေ၊ ၀ူရှုး၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ ဘိလိယက်နဲ့ မြားပစ် တို့ ဖြစ်ပါတယ်။
လူဦးရေ (၈၀၀,၀၀၀) သာ ရှိတဲ့ ကာတာနိုင်ငံမှာ ပြုလုပ်မယ့် အာရှအားကစားပွဲတော်ဖွင့်ပွဲကို အာရှမှ ထိပ်တန်းအနုပညာရှင်များ ဖြစ်တဲ့ ဟောင်ကောင်မှ နာမည်ကြီး ပေါ့ပ်အဆိုတော် ဂျက်ကီချွန်း၊ ဘောလိဝုဒ်မှ နာမည်ကြီး ရုပ်ရှင်မင်းသမီး ဆူနီအီချုဟာဟန်၊ လက်ဘနွန် အဆိုတော် အယ်လ်ရွန်မီ၊ စပိန်နာမည်ကျော် အဆိုတော် ဟိုဆေးကာ ရီရက်စ်တို့နဲ့ အခမ်းအ နားကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
အာရှအားကစားပွဲတော် အထိမ်းအမှတ်သီချင်းဖြစ်တဲ့ “ Light The Way ” သီချင်းကို လက်ဘနွန်အဆိုတော် မာဂီဒါနဲ့ စပိန်အဆိုတော် ရီရက်စ်တို့က စုံတွဲ သီဆိုဖျော်ဖြေမှာ ဖြစ်ပါ တယ်။ အာကစားပွဲတော် ပွဲစဉ်များအား နိုင်ငံပေါင်း (၆၀)မှ ရုပ်သံကုမ္မဏီများက ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး ဥရောပတိုက်မှ ကုမ္မဏီများလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပါတယ်။
ယခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အားကစားမား အရေအတွက် အများဆုံး စေလွှတ်တဲ့ တိုင်းပြည်မှာ (၁၃၃၃)ဦးနဲ့ တရုတ်ဖြစ်ပြီး အများဆုံး ယှဉ်ပြိုင်မယ့် အားကစားနည်းများမှာ ပြေးခုန်ပစ်နဲ့ သေနတ်ပစ်တို့ ဖြစ်ပါတယ်။ မြန်မာအသင်းက ပြေးခုန်ပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ် ပေမယ့် သေနတ်ပစ်မှာတော့ (၁)ဦး ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၁၉၅၁ မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ စတင်ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲကို (၄)နှစ် တစ်ကြိမ် ပုံမှန်ကျင်းပခဲ့ပြီး အများဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ နိုင်ငံကတော့ ထိုင်းဖြစ်ပြီး (၄) ကြိမ် ကျင်းပခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ (၁၄)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပြီး တရုတ်ကပဲ ဆုတံဆိပ်အများဆုံး ရရှိခဲ့ပြီး ဂျပန်က ဒုတိယနဲ့ တောင်ကိုရီးယားက တတိယ အသီးသီးရခဲ့ ကြပါတယ်။ မြန်မာအသင်းကတော့ ယင်းပြိုင်ပွဲမှာ ရွှေ (၁)၊ ငွေ (၆)နဲ့ ကြေး (၅)ခု ရရှိခဲ့ပါ တယ်။
ပြိုင်ပွဲအချို့ကို ယခုကတည်းက စတင်ကျင်းပေနေပြီဖြစ်ပေမယ့် ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ (၁)ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
|

ဒိုဟာ အာရှအားကစားပြိုင်ပွဲ အမှတ်တံဆိပ်
အာရှအားကစားပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစား အမျိုးအစား (၄၆)မျိုးမှာ -
၁။ မြားပစ် ၂။ ကျွမ်းဘား (အလှ) ၃။ ကျွမ်းဘား (Rhythmic) ၄။ ကြက်တောင် ၅။ ပြေးခုန်ပစ် ၆။ ဘေ့စ်ဘော ၇။ ဘောလုံး ၈။ ဘတ်စကတ်ဘော ၉။ ဘော်လီဘော ၁၀။ သဲသောင်ပြင် ဘော်လီဘော ၁၁။ ကာယဗလ ၁၂။ လက်ဝှေ့ ၁၃။ စစ်တုရင် ၁၄။ ဘိုးလင်း ၁၅။ လှေလှော် (ကနူး) ၁၆။ လှေလှော် ၁၇။ ဘိလယက်နဲ့ စနူကာ ၁၈။ စက်ဘီး ၁၉။ ဒိုင်ဗင် ၂၀။ ရေကူး ၂၁။ ရေကူး (Synchronised) ၂၂။ မြင်းစီး ၂၃။ မြင်းစီးတန်းကျော် ၂၄။ ဓါးရေး ၂၆။ သေနတ်ပစ် ၂၇။ ရွက်လှေ ၂၈။ ရပ်ဘီ ၂၉။ ကရာတေး ၃၀။ ဂျုဒို ၃၁။ ၀ူရှုး ၃၂။ ရိုးရာသိုင်း (kabaddi) ၃၃။ ထရိုင်သလွန် ၃၄။ ၀ါတာပိုလို ၃၅။ အလေးမ ၃၆။ နပန်း ၃၇။ တင်းနစ် ၃၈။ တိုက်ကွမ်ဒို ၃၉။ ဟော်ကီ ၄၀။ စားပွဲတင် တင်းနစ် ၄၁။ လက်ပစ်ဘော ၄၂။ ဂေါက်သီး ၄၃။ Soft တင်းနစ် ၄၄။ Soft Ball ၄၅။ Squash ၄၆။ Trampoline |