DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အာရှ ယူ (၁၉) ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းအသင်းတို့ ခြေစစ်ပွဲအောင်မြင်
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၆၊ ၂၀၀၆

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာရှယူ (၁၉) အမျိုးသမီး ဘောလုံးခြေစစ်ပွဲ မြန်မာအသင်း ဟာ အုပ်စုတွင်းမှာ အဓိက ပြိုင်ဖက် ထိုင်းအသင်းနဲ့အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

ခြေစစ်ပွဲကို အုပ်စုနှစ်စုခွဲကာ မလေးရှားနိုင်ငံနဲ့ ထိုင်ဝင်နိုင်ငံတို့မှာ နိုဝင်ဘာ (၇)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ယှဉ်ပြိုင် ခဲ့ကြပါတယ်။ မြန်မာအသင်းဟာ အုပ်စု (အေ)မှာ ထိုင်း၊ စင်္ကာပူ၊ ဂျော်ဒန်၊ အိန္ဒိယတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ပါတယ်။ အုပ်စု (ဘီ)မှာ အိမ်ရှင် ထိုင်ဝမ်၊ ဂူအန်၊ ဗီယက်နမ်တို့နဲ့ တစ်အုစ်စုတည်း ဖြစ်ပါတယ်။

မြန်မာယူ (၁၉) အမျိုးသမီးအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ အိန္ဒိယကို (၂)ဂိုး (၁)ဂိုး၊ ဂျော်ဒန်ကို (၂)ဂိုး ဂိုးမရှိ၊ စင်္ကာပူကို (၁၁)ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ထိုင်းအသင်းနဲ့ တဖက် (၃)ဂိုးစီနဲ့ သရေကျကာ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်းအသင်းက စင်္ကာပူကို (၁၇) ဂိုး ဂိုးမရှိ၊ ဂျော်ဒန်ကို (၅)ဂိုး ဂိုးမရှိ၊ အိန္ဒိယကို (၅)ဂိုး (၁)ဂိုးနဲ့ နိုင်ပြီး ဂိုးကွားခြားချက်အရ အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။

အုပ်စု(ဘီ)မှာတော့ အိမ်ရှင်ထိုင်ဝမ်အသင်းဟာ ဗီယက်နမ်ကို (၁)ဂိုး ဂိုးမရှိ၊ ဟောင်ကောင်ကို (၈)ဂိုး ဂိုးမရှိ၊ ဂူအန်ကို (၅)ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ယင်းအုပ်စုမှာ အုပ်စုဗိုလ်ဖြစ်တဲ့အသင်းသာ ခြေစစ်ပွဲ အောင်ပါတယ်။

ခြေစစ်ပွဲအောင်မြင်ကြတဲ့ မြန်မာ၊ ထိုင်ဝမ်နဲ့ ထိုင်းအသင်းတို့ဟာ အလိုအလျောက် ခြေစစ်ပွဲ အောင်ပြီးသားဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကို ရီးယား အသင်းတို့နဲ့အတူ လာမယ့်နှစ် အုပ်စုခွဲကာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပမယ့် ရက်ကို အတိအကျ သတ်မှတ်ရခြင်း မရှိသေးသော်လည်း အုပ်စုပွဲစဉ်များ ကိုတော့ နိုဝင်ဘာ (၂၀)ရက်နေ့နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။


အေအက်ဖ်စီ အမှတ်တံဆိပ်

မြန်မာ ယူ(၁၉) အမျိုးသမီးကစားသမားများ စာရင်း

ဂိုး၊ ခင်ခင်မူ (ခ)ဇင်မင်ထွန်း၊ သင်းသင်းစိုး (ခ)အေးအေးသန်း
နောက်တန်း၊ အေးငြိမ်းသူ၊ ဆုမွန်အောင် (ခ)မေသူဝင်း၊ ရွှေစင်အောင် (ခ) ၀င်းဝင်းခိုင်၊ စုစုထွန်း၊ အေးအေးခိုင်၊ အေးအေးမာ၊ ယဉ်မင်းလှိုင်
အလယ်တန်း၊ မေသက်ဖြူ၊ စုငြိမ်းအေး၊ အိအိဖြိုး၊ သန္တာမိုး၊ ခင်မိုးဝေ၊ နီလာမြင့်၊ သီရိမြတ်၊ ဖူးပွင့်ခိုင်၊ မူမူလွင်
ရှေ့တန်း၊ ခင်မာလာထွန်း၊ နော်အားလိုဝါးဖော