ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အီရန်အသင်းကို နိုင်ငံတကာ ပွဲစဉ်တွေကနေ ပိတ်ပင်ထားခြင်း ပြစ်ဒဏ်ကို ခေတ္တရုပ်သိမ်း ပေးလိုက်ပါတယ်။
အီရန်အစိုးရဟာ ပြည်တွင်းဘောလုံးပြိုင်ပွဲတွေမှာ ၀င်ရောက်စွက်ဖက်ခဲ့တဲ့အတွက် ဖီဖာအနေနဲ့ ပြီးခဲတဲ့အပတ်က နိုင်ငံတကာ ပွဲစဉ်တွေမှာ ၀င်ရောက်ကစားခွင့် မပြုဖို့ တားမြစ် ပိတ်ပင် ခဲ့ပါတယ်။
ဖီဖာက အခုလို ခေတ္တရုပ်သိမ်းလိုက်တဲ့ အတွက် အီရန်အနေနဲ့ ဒီဇင်ဘာ(၁)ရက်နေ့မှာစတင်မယ့် ဒိုဟာ အာရှအားကစားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
“ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ကို လောလောဆယ် လိုအပ်ချက်အရ ယာယီရုပ်သိမ်းပေးလိုက်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အာရှအားကစားပြိုင်ပွဲမှာ ၀င်ရောက် ဆင်နွဲနိုင်မှာ ဖြစ်ပါတယ်” လို့ ဖီဖာ ဥက္ကဌ ဆာဘတ္တလာက ပြောဆိုခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး “ကျနော်တို့ အီရန်နဲ့ လတ်တလော လိုအပ်ချက် လေစားတဲ့အနေနဲ့ သဘောတူခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ကို ဒီဇင်ဘာ (၅)ရက် မတိုင်မီ လုပ်စရာ ရှိတာလုပ်ဖို့ အချိန်ပေးခြင်လို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
|