DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
ပြင်သစ် ဘောလုံးသူရဲကောင်း ဇီဒန်း ဘင်္ဂလားဒေ့ရှ်မှာ ဘောလုံးစွမ်းရည် ပြသ
အေအက်ဖ်ပီ - နိုဝင်ဘာ ၈၊ ၂၀၀၆

ပြင်သစ် ဘောလုံးအကျော်အမော် ဇီဒန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး လူငယ်ကစားသမားတွေအတွက် သူ့ရဲ့မှော်ဆန်တဲ့ ဘောလုံးစွမ်းရည်တွေကို ပြသသွားမှာ ဖြစ်ပါ တယ်။

ဇီဒန်းရဲ့ ခရီးစဉ်နဲ့ ပက်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်က “ဇီဒန်းရဲ့ ကျော်ကြားမှုဟာ ကျနော်တို့နိုင်ငံနယ်စပ်က ကျေးရွာတွေ အထိ ပျံ့နှံ့ပါတယ်။ ကျနော်တို့အနေနဲ့ ကံကောင်းထောက်မစွာဘဲ သူကို ဒီမှာ မြင်တွေ့ရမှာ ဖြစ်ပြီး မျိုးဆက်သစ် လူငယ်ကစားသမား တွေကို လည်း ဘောလုံးမှာ ပိုပြီးကြိုးစားချင်လာအောင် လှုံ့ဆော် ပြီးသား ဖြစ်သွားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဇီဒန်းက “ကျနော် ဘင်္ဂလားဒေ့ရှ်ကို လာလည်ရတာ အရမ်း ပျော်ပါတယ်။ ဒီမှာ ဘောလုံးကို အရူးအမူး စွဲလန်းနှစ်ခြိုက်တဲ့ သူတွေကို ကျနော်တွေ့ရပါတယ်” လို့ ပြောပါတယ်။

ရီရဲကစားသမားဟောင်း ဇီဒန်းရဲ့ ဘောလုံးစွမ်းရည်ပြသမှုကို နိုင်ငံတ၀ှမ်းမှ ပြည်သူ (၂၅)သန်း က ရုပ်မြင်သံကြား အစီအစဉ် ကနေ ကြည့်ရှုကြလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိလူဦးရေဟာ သန်းပေါင်း (၁၄၄)သန်း ရှိပါတယ်။

ဘောလုံးလောကနေ အနားယူသွားပြီဖြစ်တဲ့ ဇီဒန်းဟာ နိုဘယ်ဆုရှင် မိုဟာမက်ယူနပ်ရဲ့ ဖိတ်ကြားမှုနဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံလေဆိပ်ကို အစောင့်ထူထပ်စွာနဲ့ ရောက်ရှိလာခြင်း ဖြစ်ပြီး အသက် (၁၆)နှစ်အောက် ဘင်္ဂလားဒေ့ရှ်လူငယ်အသင်းနဲ့အတူ စွမ်းရည်ပြမှာ ဖြစ်ပါ တယ်။

ဘင်္ဂလားဒေ့ရှ်လူငယ် အသက် (၁၆)နှစ်အောက် ထိပ်သီးနှစ်သင်း မှာ ဇီဒန်းဟာ (၂၅)မိနစ်ခန့် ၀င်ရောက်ကစားပေးခဲ့ပြီး ပရိတ်သတ်ပေါင်း (၂၀,၀၀၀)ကျော် လာရောက် ကြည့်ရှု အားပေး ခဲ့ပါတယ်။


ဒါကာလေဆိပ်ကို အစောင့်အရှောက်တွေနဲ့ ဇီဒန်း ရောက်ရှိလာစဉ်