ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ ရာဖယ် နာဒယ်အနေနဲ့ ရှေ့နှစ် ဇန်န၀ါရီလမှာ ပြုလုပ်မယ့် သြစတြေး လျအိုးပင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သြစတြေးလျ တင်းနစ် အဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ဇန်န၀ါရီလ (၁၇)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ သြစတြေးလျ အပြည်ပြည်ဆိုင်ရာ တင်းနစ်စင်တာမှာ ပြုလုပ်မယ့် အုပ်စုပွဲစဉ်ရေးဆွဲရာမှာ အသက် (၂၀)နှစ်ရှိ နာဒယ်ဟာ အမေရိကန်က ဂျိမ်း ဘရိတ်ကီ၊ အိမ်ရှင် သြစတြေးလျသား လင်တန် ဟူးဝစ်တို့နဲ့အတူ ပါဝင်မှာ ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲမှာ အမျိုးသားတစ်ဦးချင်းနဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွေအပြင် နှစ်ယောက်တွဲ ပြိုင်ပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရက်ကတော့ ဇန်န၀ါရီ (၁၅)ရက်ကနေ (၂၈)ရက် နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ဘယ်လ်ဂျီယံက ဟင်နင် ဟာဒီနီဖြစ်ပြီး အမျိုးသားတစ်ဦးချင်း မှာတော့ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာက ချန်ပီယံ ဖြစ်ပါတယ်။
|