ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာက တင်ဟန်မန် ကို (၆ - ၃)၊ (၆ - ၃)နဲ့ လက်စွမ်းပြပြီး ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။
ယခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် ရော်ဂျာ ဖာဒါရာဟာ တစ်နှစ်အတွင်း ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေထဲမှာ (၉)ကြိမ်မြောက် ဗိုလ်စွဲခြင်း ဖြစ်ပါတယ်။ ယင်းပွဲမှာ ဖာဒါရာဟာ အကောင်း ဆုံး လက်ပြန်ရိုက်ချက်တွေနဲ့ တန်ဟန်မန်ကို အနိုင်ယူပြီး ကစားချိန် စုစုပေါင်း (၆၇)မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။
ပွဲအပြီး ဆွစ်သား ဖာဒါရာက “ကျနော် တင်ဟန်မန်ကို ၀င်ဘယ်ဒန်နဲ့ ယူအက်စ် အိုးပင်းပြိုင်ပွဲ တို့မှာ အနိုင်ရဖူးပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ကျနော်ကို တော်တော်အန္တရာယ် ပေးနိုင် တယ်လို့ ထင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဗြိတိန်နံပါတ်ဝမ်း တင်ဟန်မန်က “ကျနော် ဖာဒါရာကို ရှုံးတဲ့ ပထမဆုံး လူမဟုတ်သလို နောက်ဆုံးလူလည်း မဟုတ်ပါဘူး။ ကျနော် တတ်နိုင်သလောက်ကြိုးစား ရိုက်ခဲ့ပေမယ့် ဖာဒါရာရဲ့ ထူးခြားတဲ့ ကန့်လန်ဖြတ်ဘောတွေကြောင့် အရှုံးပေးခဲ့ရတာပါ” လို့ ပြောဆိုခဲ့ ပါတယ်။
ရော်ဂျာ ဖာဒါရာဟာ ကစာသမားသက်တမ်းတလျှောက် ကစားပြီးသမျှ ပွဲပေါင်း (၅၅)ပွဲမှာ (၄၂)ပွဲ အနိုင်ရထားတဲ့အတွက် ခေတ်သစ် တင်းနစ်သမိုင်းမှာ စံချိန်တင်ခဲ့ပါတယ်။ တင်ဟန် မန်ဟာ ၂၀၀၃ ပြင်သစ်မာစတာ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
|