DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရာသီဥတု ဆိုးဝါးလှတဲ့ ဂျပန်အိုးပင်း တင်းနင်းပြိုင်ပွဲမှာ ရော်ဂျာ ဖာဒါရာ ကွာတားရောက်
ရိုက်တာ - အောက်တိုဘာ ၆၊ ၂၀၀၆

ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်ဝမ်း ရော်ဂျာ ဖာဒါရာက တောင်အာဖရိကမှ ၀က်စ လီ မိုးဒီးကို အလွယ်တကူ သက်တောင့်သက်သာပဲ (၆ - ၂)၊ (၆ - ၁)နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပါတယ်။

ရော်ဂျာ ဖာဒါရာဟာ သူ့ရဲ့ ပြင်းထန်ပြီး တိကျတဲ့ စည်းကြောင်းတလျောက် ရိုက်ချက်တွေနဲ့ ၀က်စလီကို အနိုင်ယူခဲ့ပြီး စုစုပေါင်း ကစားချိန် (၅၂)မိနစ်သာ ကြာမြင့်ပါတယ်။

ဆွစ်သား ဖာဒါရာက “ဒီပွဲမှာ ကျနော်အကောင်းဆုံး ရိုက်နိုင်ခဲ့ ပါတယ်။ စပေးဘောတွေလည်း အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့ ရိုက်ချက်တွေဟာ ကိုယ့်ကိုယ်ကို မယုံနိုင် လောက်အောင် ဖြစ်ရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဂရင်းစလင်းပြိုင်ပွဲတွေမှာ (၉)ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ဖာဒါရာဟာ ဂျပန်အိုးပင်း အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၂၇၆)ဖြစ်တဲ့ ဗစ်တာ ထရိုစကီကို (၇ - ၆)၊ (၇ - ၆)နဲ့ အသဲအသန် ကြိုးစား ရုန်းကန်ပြီးမှာ ကပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖာဒါရာနဲ့ ၀က်စလီ မိုးဒီးတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲကို မိုးရွာသွန်းမှုကြောင့် အမိုးတံခါးပိတ်ပြီး ကျင်းပခဲ့ ရပါတယ်။ ဖာဒါရာဟာ ကွာတားအဆင့်မှာ အိမ်ရှင်ဖြစ်တဲ့ ဂျပန်လူမျိုး တာကို ဆူဇူကီနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

လတ်တလော ဂျပန်မှာ ရာသီဥတု ဆိုးဝါးနေမှုကြောင့် ဗြိတိန်က တင်ဟန်မန်နဲ့ ခရိုအေးရှားက မာရီယို အန်စစ်တို့ရဲ့ တတိယအဆင့်ပွဲစဉ်များကို ပြိုင်ပွဲကျင်းပရေး ကော်မတီက ရက်ရွေ့ဆိုင်း ထားခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့ ပြုလုပ်မှာဖြစ်ပြီး မနက်ဖြန်မှာ ဆီမီးဖိုင် နယ်နဲ့ (၈)ရက်နေ့မှာ ဗိုလ်လုပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်တစ် ရော်ဂျာ ဖာဒါရာဟာ ၀င်ဘယ်ဒန်နဲ့ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ယူအက်စ် အိုးပင်း ပြိုင်ပွဲတွေရဲ့လက်ရှိ ချန်ပီယံ ဖြစ်ပါတယ်။


ရော်ဂျာ ဖာဒါရာ