ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅၅၀,၀၀၀) ချီးမြှင့်တဲ့ ထိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လု ပွဲမှာ အမေရိကန်သား ဂျိမ်းဘရိတ်ကီက ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ လွတ်ဘစ်ဆစ်ကို (၆ - ၃)၊ (၆ - ၁)နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဂျိမ်းဘရိတ်ကီက ပွဲစဉ် (၁)မှာ (၅)ပွဲပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ကစားခဲ့ပြီး သူရဲ့ခွန် အားရှိတဲ့ လက်ပြန်ရိုက်ချက်တွေနဲ့ လွတ်ဘတ်ဆစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကစား ချိန်စုစုပေါင်း (၅၆)မိနစ်သာ ကြာမြင့်ပါတယ်။
ဒီပွဲမှာ လွတ်ဘစ်ဆစ်အနေနဲ့ သူ့ရဲ့ ဒုံးပျံလို မြန်ဆန်တဲ့ စပေးဘောတွေကို အကောင်းဆုံးမဖြစ်ခဲ့တဲ့အတွက် အရှုံးပေးရခြင်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဘရိတ်ကီက “ပွဲအစကတည်းက ကျနော်အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူ့ရဲ့စပေးဘောတွေ လွဲချော်နေခဲ့ ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၉)ဖြစ်တဲ့ ဂျိမ်းဘရိတ်ကီက “ဒီလို အကောင်းဆုံး ကစားနိုင်တဲ့ လက်စွမ်းဟာ လွတ်ဘစ်ဆစ်နဲ့ ပေါင်းစပ်နိုင်ခဲ့လို့ ရခဲ့တာပါ။ ဒီပွဲတလျှောက်လုံး သူအကောင်းဆုံး မကစား နိုင်ခဲ့ပါဘူး။ ဒါဟာ လူတိုင်း ဖြစ်တယ်ပါတယ်” လို့ ပြောပါတယ်။
ခရိုအေးရှားသား လွတ်ဘစ်ဆစ်က “ကျနော်ရဲ့ စပေးဘောတွေကို ပြန်ဆယ်တဲ့ ဘရိတ်ကီရဲ့ ရိုက်ချက်တွေက သူ့ကို အနိုင်ရစေတာ ဖြစ်ပါတယ်။ သူကစားတာ အရမ်းကောင်းပါတယ်။ သူကျနော်ရဲ့ စပေးဘောတွေရဲ့ လမ်းကြောင်းကို ခန့်မှန်းတာ တော်ပါတယ်” လို့ ပြောခဲ့ပါ တယ်။
ထိုင်းအိုးပင်း ချန်ပီယံဆုဟာ ဂျိမ်းဘရိတ်ကီအတွက် ယခုနှစ်အတွင်း ရရှိတဲ့ (၄)ကြိမ်မြောက် ဆုဖလားဖြစ်ပြီး ဇန်န၀ါရီမှာ ဆစ်ဒနီအိုးပင်း၊ မတ်လမှာ လပ်စ် ဗီဂက်စ်ဖလား၊ ဇူလိုင်မှာ အင်ဒီယာနာပိုလစ်ဖလားတို့ အသီးသီး ရယူနိုင်ခဲ့ပါတယ်။
ထိုင်းအိုးပင်းချန်ပီယံဖြစ်တဲ့ ဘရိတ်ကီအနေနဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅၅၀,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။ ယမန်နှစ် ချန်ပီယံကတော့ ရော်ဂျာဖာဒါရာ ဖြစ်ပါတယ်။
|