DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ထိုင်းအိုးပင်း ဆီမီးဖိုင်နယ်မှာ လွတ်ဘစ်ဆစ် ပါရာဒွန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲမှာ ဂျိမ်းဘရိတ်ကီနဲ့ တွေ့ဆုံ
သည်နေရှင်း - အောက်တိုဘာ ၁၊ ၂၀၀၆

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ထိုင်းစတား ပါရာဒွန်ကို ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ လွတ်ဘစ်ဆစ်က (၆ - ၃)၊ (၆ - ၂)နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါ တယ်။

ဒီပွဲမှာ လွတ်ဘတ်ဆစ်က သူရဲ့ ဒုံးပျံလို မြန်ဆန်လှတဲ့ အကောင်းဆုံး စပေးဘောတွေနဲ့ ပါရာဒွန်ကို အနိုင်ယူသွားခြင်းဖြစ်ပြီး ကစားချိန် (၇၇)မိနစ်သာ ကြာမြင့်ပါတယ်။

ပွဲအပြီးမှာ ပါရာဒွန်က “ဒီပွဲရှုံးတဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ သူ့အနေနဲ့ ကျနော်ကို ဒီပွဲမှာ အနိုင်ရဖို့ နည်းနည်းလေးမှ အခွင့်အရေး မပေးခဲ့ပါဘူး။ သူ့ရဲ့ စပေးဘောတွေဟာ ကျနော်ကို ဒုက္ခရောက်စေပါတယ” လို့ ပြောဆိုခဲ့ပါတယ်။

ခရိုအေးရှားသား လွတ်ဘတ်ဆစ်က “ကျနော်သူ့ကို အနိုင်ယူရတာ စိတ်မကောင်း ဖြစ်မိပါ တယ်။ ကျနော်သူ့ကို ဒီနှစ်အတွင်းမှာ အနိုင်ရစေချင်ပါတယ်” လို့ ပြောပါတယ်။

နောက်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အမေရိကန်သား ဂျိမ်းဘရိတ်ကီက ရုရှက မာရတ် ဆာဖင်ကို (၃ - ၆)၊ (၆ - ၄)၊ (၇ - ၆)နဲ့ အနိုင်ယူခဲ့ပါတယ်။

ယနေ့ကစားမယ့် ဗိုလ်လုပွဲမှာ လွတ်ဘစ်ဆစ်နဲ့ ဂျိမ်းဘရိတ်ကီတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရတဲ့သူက ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅၅၀,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိချန် ပီယံကတော့ ရော်ဂျာ ဖာဒါရာ ဖြစ်ပါတယ်။


လွတ်ဘစ်ဆစ်ရဲ့ ကစားဟန်