တရုတ်လူငယ်တိုက်စစ်မှူး ယန်း ချန်ပန်းဟာ ဘော်လ်တန် အသင်းမှာ တစ်လကြာလေ့ကျင့်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်တဲ့ အိမ်မက်တွေ အကောင်အထည် ပေါ်လာတော့မှာ ဖြစ်ပါတယ်။
ဘော်လ်တန်းအသင်းရဲ့ ဖိတ်ကြားခြင်းခံရတဲ့အထဲမှာ ယန်းနဲ့အတူ အသင်းဖော် ဇူလိုင်အိုလည်း ပါဝင်ပါတယ်။ ယခုလို ဖိတ်ကြားမှု ဟာ ဘော်လ်တန်အသင်းအနေနဲ့ မိတ်ဖက် အသင်း ဖြစ်တဲ့ တရုတ်စူပါလိဂ်ကလပ် ၀ူဟမ်အသင်းရဲ့ ကစားသမားတွေကို တိုးတက်ရေးအတွက် ကူညီမှုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
တိုက်စစ်မှူး ယန်းက “ကျနော် အဲဒီလို ကစားခွင့်ရဖို့အတွက် အမြဲတမ်း အိမ်မက် မက်ခဲ့ရပါ တယ်။ အခုတော့ စောင့်ရကြိုးနပ်ပါပြီ။ နောက်ပြီး အရမ်းစိတ် လှုပ်ရှားနေပါတယ်” လို့ စင်္ကာပူ ထုတ် သတင်းစာတစ်စောင်သို့ ပြောဆိုခဲ့ပါတယ်။
“ဒီအခွင့်အရေးဟာ ကျနော်တို့အတွက် အတွေ့အကြုံရဖို့အတွက် လေ့လာသင်ကြားခြင်း ဖြစ်ပါ တယ်။ ကျနော်တို့တွေ ရှိသမျှ အစွမ်းအစနဲ့ အပြင်းအထန် ကြိုးစားမှာပါ” လို့ ယန်းက ထပ်ပြော ပါတယ်။
တိုက်စစ်မှူး ယန်းရဲ့ အရပ်ဟာ (၆)ပေနဲ့ (၉)လက္မရှိတဲ့လို့ ဘော်လ်တန်အသင်းရဲ့ အင်တာ နက် ၀က်ဆိုဒ်မှာ ဖော်ပြထားပြီး ပရီးမီးယားလိဂ်မှာ အရပ် (၆)ပေ (၇)လက္မနဲ့ အရပ်အမြင့်ဆုံး ကစားသမားဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူး ပီတာခရောက်ခ်ျထက် အရပ်ပိုရှည်ပါတယ်။
ယန်းနဲ့ ကွင်းလယ်သမား ဇူတို့ဟာ တရုတ်ယူ (၂၀)အသင်းရဲ့ ကစားသမားတွေ ဖြစ်ပါတယ်။
|