တရုတ်အိုလံပစ်အသင်းကို ဆာဘီယား ကစားသမားဟောင်း ရာတိုမိုင် ဂျုကိုဗစ်က နည်းပြအ ဖြစ် တာဝန်ယူတော့မယ်လို့ သတင်းထွက်နေပါတယ်။
ယခုသတင်းနဲ့ ပက်သက်လို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က “တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် နိုင်ငံပိုင် သတင်းစာမှာတော့ ဂျုကိုဗစ်ဟာ အိုလံပစ်အသင်းကို လာမယ့် အောက် တိုဘာ (၂၅)ရက်မှာ ဂျပန်အသင်းနဲ့ ခြေစမ်းပွဲမတိုင်မီ လွဲပြောင်းရယူတော့မယ်”လို့ ဖော်ပြ ထားပါတယ်။
တရုတ်ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရ ဒွန်ဟွာက “ဒီသတင်း ထွက်တာဟာ အရမ်း အလျင်စလိုနိုင်ပါတယ်။ ကျနော်တို့ အခုအချိန်အထိ ဆုံးဖြတ်ချက် မချရသေးသလို ရှာဖွေနေဆဲပါ” လို့ ပြောဆိုခဲ့ပါတယ်။
အသက် (၆၀)နှစ်ရှိ ယခင် ရက်ပ်စတားဘဲဂရိတ် ကစားသမားဟောင်း ဂျုကိုဗစ်ဟာ ဂါနာအသင်းကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်ထိရောက်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါ တယ်။
ဂျုကိုဗစ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက မြန်မာလက်ရွေးစင် အသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
|