DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ထိုင်းစတား ပါရာဒွန်က တင်ဟန်မန်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၃) လွတ်ဘစ်ဆစ်နဲ့ တွေ့ဆုံ
အေဂျင်စီသတင်းများ - စက်တင်ဘာ ၃၀၊ ၂၀၀၆

အိမ်ရှင်နိုင်ငံရဲ့ တင်းနစ်စတားဖြစ်တဲ့ ပါရာဒွန်က ဗြိတိန်က တင်ဟန်မန်ကို ကွာတားဖိုင်နယ်မှာ နောက်ကနေ လိုက်ကစားပြီး (၆ - ၇)၊ (၆ - ၄)၊ (၇ - ၆)နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

စုစုပေါင်း ကစားချိန် (၂)နာရီနဲ့ (၂၅) မိနစ်ကြာမြင့်ပြီး အိမ်ကွင်း ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ ပါရာဒွန်ဟာ အခုလို အနိုင်ယူခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ အသက် (၂၇)နှစ်ရှိ ပါရာဒွန်က “ကျနော်ဘယ်လို ကစားခဲ့တယ်ဆိုတာကို ကျနော် မသိတော့ပါဘူး။ ကျနော်သိခဲ့တာက ကျနော်အတွက် အခွင့်အရေး နည်းနေရာကနေ နောက် ကနေလိုက်ကစားပြီး အနိုင်ရခဲ့တာပါ” လို့ ပြောပါတယ်။

အသက် (၃၂)နှစ်ရှိ တင်ဟန်မန်က “ကျနော်အနေနဲ့ ဒီပွဲမှာ အမှားအယွင်း နည်းခဲ့ပါတယ်။ ဒါပေမယ့် ပါရာဒွန်ဆီက ပြန်လာတဲ့ဘောတွေက အရမ်းကောင်းပြီး ထိမ်းဖို့ခက်လို့ ရှုံးခဲ့တာပါ” လို့ ပြောပါတယ်။

ပါရာဒွန်နဲ့ တင်ဟန်မန် ကစားတဲ့ပွဲကို အိမ်ရှင်ထိုင်း ပရိတ်သတ်ပေါင်း (၆,၀၀၀)ခန့် လာရောက် အားပေးခဲ့ပါတယ်။ သူ့အနေနဲ့ ယခုလို ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခြင်းဟာ ပြိုင်ပွဲစတင်တဲ့ ၂၀၀၃ကနေစပြီး တတိယမြောက် အကြိမ်မြောက် ဖြစ်ပါတယ်။

ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ခရိုအေးရှားက လွတ်ဘစ်ဆစ်က အမေရိကန်သား ရောဘီ ဂစ်ပယ်ရီကို (၄ - ၆)၊ (၆ - ၃)၊ (၆ - ၄)နဲ့ အနိုင်ယူခဲ့ပါတယ်။

ဆီးမီးဖိုင်နယ်မှာ ထိုင်းစတား ပါရာဒွန်နဲ့ ကမ္ဘာ့အဆင့် (၃) ဖြစ်တဲ့ လွတ်ဘစ်ဆစ်၊ ဂျိမ်းဘရိတ် ကီ (အမေရိကန်)နဲ့ ဆာဖင် (ရုရှ)တို့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အနိုင်ရတဲ့သူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅၅,၀၀၀၀) ချီးမြင့်မှာဖြစ်ပြီး လက်ရှိချန်ပီယံကတော့ ရော်ဂျာဖာဒါရာ ဖြစ်ပါတယ်။


အောင်ပွဲခံနေတဲ့ ပါရာဒွန်