DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
လွတ်ဘစ်ဆစ် အနိုင်ရပြီး ဖာရာရိုရှုံးတဲ့ ထိုင်းအိုးပင်း တင်းနစ်ပွဲစဉ်များ
အေဂျင်စီသတင်းများ - စက်တင်ဘာ ၂၇၊ ၂၀၀၆

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းအိုးပင်တင်းနစ်ပွဲစဉ်တွေမှာ ခရိုအေးရှားက နာမည်ကြီး အီဗန် လွတ်ဘစ်ဆစ်က စပိန်က ဖာနန်ဒို ဗင်ဆင်တေးကို (၆ - ၃)၊ (၃- ၆)၊ (၆ -၄)နဲ့ အနိုင်ယူပြီး ဒုတိယအဆင့် တက်ရောက်သွားပါတယ်။

ယင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ လွတ်ဘစ်ဆစ်က ဗင်ဆင်တေးကို စုစုပေါင်း အချိန် (၂)နာရီနဲ့ (၅၃) မိနစ်ကြာမြင့်အောင် ကစားခဲ့ပြီးမှ အနိုင်ရခြင်း ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ လွတ်ဘစ်ဆစ်ဟာ ဂျာမဏီက ဘင်ဂျမင် ဘက်ကာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ရေပန်းစားနေတဲ့ မာကို့စ် ဘတ်ဒေးတစ်စ်ကတော့ လေ့ကျင့်ရေးကွင်းမှာ ညာဖက် ပခုံးဒဏ်ရာ ရခဲ့တဲ့အတွက် မကစားနိုင်တော့ဘဲ ပြိုင်ပွဲကနေ နူတ်ထွက်ခဲ့ပါတယ်။ သူ့နေရာမှာ ဂျပန်ကစားသမား ဆန်တိုရှီ အီဝါဘူချီကို အစားထိုးမှာ ဖြစ်ပါတယ်။

၂၀၀၃ ထိုင်းအိုးပင်တုန်းက ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ စပိန်သား ဖာရာရိုကတော့ ပထမအဆင့် လက်ရည်စစ်ပွဲကစားပြီးမှာ တက်ရောက်လာတဲ့ ဂျာမဏီက မစ်ချာ ဇီရက်ကို (၄ - ၆)၊ (၆ - ၂)၊ (၆ - ၄)နဲ့ အရှုံးပေးခဲ့ရလို့ စောစောစီးစီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ စုစုပေါင်း ပွဲချိန် (၁)နာရီနဲ့ (၄၂)မိနစ် ကြာမြင့်ပါတယ်။

ယခင်ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ဖာရာရိုကို အနိုင်ရခဲ့တဲ့ အသက် (၁၉)နှစ်ရှိ ဇီရက်က “ကျနော် အခုလို အနိုင်ရတဲ့အတွက် မဖော်ပြနိုင်လောက်အောင် ၀မ်းသာကြည်နူးမိပါတယ်။ မနက်ဖြန် အိပ်ယာက နိုးတဲ့အခါမှာ ကျနော် ဘယ်လိုခံစားရတယ် ဆိုတာကို ပြောပြနိုင်လိမ့်မယ် ထင်ပါ တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယနေ့ပွဲစဉ်များမှာ နာမည်ကြီးတွေဖြစ်တဲ့ ဗြိတိန်စတား အင်ဒီ မာရေးနဲ့ တင်ဟန်မန်၊ မာတင် ဆာဖင် (ရုရှ)နဲ့ ကီဗင် ကင်း (အမေရိကန်)၊ ဖလီစီနို လိုပက်ဇ် (စပိန်)နဲ့ ပါရာဒွန်၊ မာရင် ဆီလစ် (ခရိုအေးရှား)နဲ့ ဂျိမ်းစ် ဘရိတ်ကီ (အမေရိကန်) တို့ ကစားကြမှာ ဖြစ်ပါတယ်။


လွတ်ဘစ်ဆစ်ရဲ့ ရိုက်ဟန်