ဂျပန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး အဖွဲ့က ယမန်နေ့က ပြောဆိုလိုက်ပါတယ်။
တိုကျိုမှာ ပြုလုပ်ဖို့ရှိတဲ့ ယင်းပြိုင်ပွဲဟာ ဆုကြေးငွေ ဒေါ်လာ (၇၆၅,၀၀၀) ချီးမြှင့်မှာ ဖြစ်ပြီး ယူအက်စ်အိုးပင်း (၃)နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ ရော်ဂျာ ဖာဒါရာ ပါဝင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပသွားဖို့ ရှိပါတယ်။
ဆွစ်သား ဖာဒါရာဟာ ၂၀၀၆ တစ်နှစ်တည်းမှာတင် ဂရင်းစလင်းပြိုင်ပွဲ (၄)ခုမှာ (၃)ကြိမ်ဗိုလ် စွဲခဲ့ပြီး ပြင်သစ်အိုးပင်း ပြိုင်ပွဲတစ်ခုတည်းမှာသာ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။
ဗြိတိန်ဆယ်ကျော်သက် အင်ဒီ မာရေး၊တင် ဟန်မန်နဲ့ သြတြေးလျအိုးပင်းမှာ ဒုတိယရခဲ့တဲ့ ဆိုက်ပရပ်စ်က မာကို့စ် ဘက်ဒရစ် တို့လည်း ဂျပန်အိုးပင်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
|