ATP က Us Open ချန်ပီယံ (၃)ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ရော်ဂျာ ဖာဒါရာဟာ ယခုနှစ်ကုန်အထိ ကမ္ဘာ့အဆင့် (၁)နေရာမှာ တည်မြဲနေလိမ့်မယ်လို့ ယမန်နေ့က ကြေညာ ခဲ့ပါတယ်။
အသက် (၂၅)နှစ်ရှိ ဆွစ်သား ဖာဒါရာဟာ အမေရိကန်တင်းနစ် အကျော်အမော် အင်ဒီ ရော့ဒစ်ကို Us Open ဗိုလ်လုပွဲမှာ (၆ - ၂)၊ (၄ - ၆)၊ (၇ - ၅)၊ (၆ - ၁)နဲ့ နိုင်ခဲ့လို့ သူ့ရဲ့သက်တမ်းမှာ (၉)ကြိမ်မြောက် ဂရင်းစလင်းဆုကို ရယူနိုင်ခဲ့ပါတယ်။
ဖာဒါရာဟာ ယခုနှစ်အတွင်းမှာ သြစတြေးလျအိုးပင်းနဲ့ ၀င်ဘယ်ဒန်အိုးပင်တို့မှာ ချန်ပီယံဖြစ် ခဲ့ပေမယ့် ပြင်သစ်အိုးပင်းမှာတော့ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ စပိန်သား နာဒယ်ကို ဗိုလ်လုပွဲမှာ ရှုံးခဲ့ပါတယ်။
ဖာဒါရာဟာ တစ်နှစ်ပတ်လုံး ကမ္ဘာ့အဆင့် (၁)နေရာနဲ့ Us Open (၃)နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့အတွက် ATP သမိုင်းတလျောက် ၁၉၇၃နောက်ပိုင်းမှာ (၅)ဦးမြောက် ကစား သမား ဖြစ်ပါတယ်။
|