DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
Us Open ဗိုလ်လုပွဲမှာ တင်းနစ်စတား ရှာရာပိုရာ ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲ
အေဂျင်စီသတင်းများ - စက်တင်ဘာ ၁၀၊ ၂၀၀၆

ရုရှဆယ်ကျော်သက် ရှာရာပိုရာဟာ အကောင်းဆုံး စပေးဘော၊ အားပါတဲ့ ရိုက်ချက်တွေ နဲ့အတူ ပြိုင်ဖက် ဂျက်စတင် ဟီနင်ဟာဒန်နီကို အနိုင်ရပြီး ပထမဆုံးအကြိမ် Us Open ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၀၄ ၀င်ဘယ်ဒန် ချန်ပီယံ ရှာရာပိုရာရဲ့ အားကောင်းတဲ့ ရိုက်ချက်တွေကို ဘယ်လ်ဂျီယမ်သူ ဂျက်စတင်ကိုက ပြန်ဆယ်တိုင်းမှာ ပိုက်တိုးနေခဲ့ပြီး ကစားချိန်ဟာ စုစုပေါင်း (၉၀) မိနစ် ကြာမြင့်ခဲ့ပါတယ်။ ရှာရာပိုရာက (၆ - ၄)၊ (၆ - ၄)နဲ့ နိုင်ခဲ့ပါတယ်။

ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ရှာရာပိုရာဟာ ထို့နေပွဲမှာ အကောင်းဆုံး စပေးဘောတွေနဲ့ ဂျက်စတင်ကို ထိမ်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ပထမပွဲမှာ စပေးဘော နှစ်ကြိမ်လောက် လွဲချော်ခဲ့ ပေမယ့် ခေတ္တအနားယူချိန် အပြီးမှာ ပြန်လည်အနိုင်ယူခဲ့ ပါတယ်။

ပွဲအပြီးမှာ ရှာရာပိုရာက “ကျမ ဂျက်စတင်ရဲ့ အံ့သြစရာကောင်းတဲ့ ကစားသမားဘ၀နဲ့ ဒီနှစ်အတွင်း ပြိုင်ခဲ့တဲ့ပွဲ (၄)ပွဲစလုံးမှာ ဗိုလ်လုပွဲ ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အသက် (၂၄)နှစ်ရှိ ဂျက်စတင်ဟာ ယခုနှစ်အတွင်း ပြိုင်ခဲ့တဲ့ ဂရင်စလင်းပြိုင်ပွဲ (၄)ခုစလုံးမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင်သာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ တင်းနစ်စတား ရှာရာပိုရာက “ကျမ အနှစ်သက်ဆုံး မြို့ဖြစ်တဲ့ နယူးယောက်မြို့နဲ့ အကောင်းဆုံး ပရိတ်သတ်တွေရဲ့ ရှေ့မှာ အောင်ပွဲခံရတာ အရမ်းပျော်ပါတယ်” လို့ ပြောပါတယ်။

ဂျက်စတင်က “ရှာရာပိုရာ ဒီနေ့ ကစားတာ အရမ်းကောင်းပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဒီချန်ပီယံဆုကို ရဖို့အတွက် ထိုက်တန်ခဲ့ပါတယ်။ သူ့အတွက် ကျမဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။


Us Open ဆုဖလားကြီးကို နမ်းရှုံ့နေတဲ့ ရှာရာပိုရာ