DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဆီးမီးဖိုင်နယ်မှာ ရှာရာပိုရာက ကမ္ဘာ့အဆင့် (၁) မာရီရက်စ်မိုကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်
အေဂျင်စီသတင်းများ - စက်တင်ဘာ ၉၊ ၂၀၀၆

ဆယ်ကျော်သယ် တင်းနစ်မယ် ရှာရာပိုရာဟာ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ပြင်သစ်က မာရီရက်စ်မိုကို ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့လို့ ပထမဆုံးအကြိမ်အဖြစ် Us Open ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ရုရှသူ ရှာရာပိုရာက မာရီရက်စ်မိုကို (၆ - ၀)၊ (၄ - ၆)၊ (၆ - ၀)နဲ့ အနိုင်ရခဲ့ပြီး ကစားချိန် စုစုပေါင်း (၁)နာရီနဲ့ (၃၅)မိနစ် ကြာမြင့်ခဲ့ပါတယ်။

ရှာရာပိုရာဟာ ပထမပွဲငယ်ကို အမှတ်ပြတ်နဲ့ မာရီရက်စ်မိုကို အနိုင်ယူခဲ့ပြီး ကစားချိန် (၂၄)မိနစ်သာ ကြာမြင့်ခဲ့ပေမယ့် ဒုတိယ ပွဲငယ်မှာတော့ အကြိတ်အနယ်ကစားပြီးမှ ရှုံးခဲ့ပါ တယ်။ နောက်ဆုံးပွဲမှာ သူမရဲ့ အကောင်းဆုံးရိုက်ချက်တွေနဲ့ လက်စွမ်းပြပြီး ပွဲကို ဦးဆောင် ထိမ်းချုပ်ကာ စိတ်ကြိုက်ကစားနိုင် ခဲ့ပါတယ်။

ရှာရာပိုရာက “ဒီပွဲမတိုင်ခင်က ကျမ အမ်မီလီ မာရီရက်စ်မိုကို ပြိုင်ပွဲတွေမှာ တစ်ခါမှ မနိုင်ဖူးပါဘူး။ ဒီနေ့ပွဲမှာတော့ သူ့ကို အနိုင်ရခဲ့ပါပြီ။” လို့ ပြောဆိုခဲ့ပါတယ်။

သူ့မအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၄မှာ မာရီရက်စ်မိုနဲ့ (၃)ကြိမ်ဆုံဖူးခဲ့ပြီး (၃)ကြိမ်လုံး ရှုံးထားပါတယ်။ မာရီရက်စ်မိုဟာ ၂၀၀၆ခုနှစ် ၀င်ဘယ်ဒန်နဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲတွေရဲ့ လက်ရှိ ချန်ပီ ယံ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ထိခိုက်လွယ်တဲ့ ရှာရာပိုရာအနေနဲ့ ယနေ့ယှဉ်ြ့ပိုင်ရမယ့် ဗိုလ်လုပွဲဟာ သူမရဲ့ စိတ်ဓါတ်အင်အားကို မှတ်ကျောက်တင်မယ့် ပွဲလည်းဖြစ်ပါတယ်။

ယနေ့ ကစားမယ့် ဗိုလ်လုပွဲမှာ ရှာရာပိုရာဟာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ ဂျက်စတင် ဟင်နင် ဟာဒန်နီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အသက် (၁၉)နှစ်ရှိ ရှာရာပိုရာက “ကျမအနေနဲ့ ဂျက်စတင်နဲ့ ပွဲကြီးပွဲကောင်းတွေမှာ ဆုံဖူးတာ မရှိပါဘူး။ ဒါဟာ တကယ်တော့ ကိစ္စမရှိပါဘူး။ ဒီပွဲဟာ ကျမအတွက် ပွဲသစ်တစ်ပွဲဖြစ်သလို အခွင့်အရေးသစ် တစ်ခုလည်း ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကမ္ဘာ့အဆင် (၂)ဖြစ်တဲ့ ဘယ်လ်ဂျီယမ်သူ ဂျက်စတင်က “ဒါဟာ ကျမအတွက်တော့ ပြောမပြ တတ်အောင် ၀မ်းသာပါတယ်။ ဒီရာသီဟာ ကျမအတွက် မယုံကြည်နိုင်လောင်အောင် ပါပဲ။ ကျမ အိမ်မက်တွေ ဖြစ်လာလု နီးပါးပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။

အသက် (၂၄)နှစ်ရှိ ဂျက်စတင်ဟာ ဆီမီးဖိုင်နယ်မှာ ဆာဘီးယားက ကမ္ဘာ့အဆင့် (၁၉)ဖြစ်တဲ့ ဂျလီနာ ဂျန်ကိုဗစ်ကို (၄ - ၆)၊ (၆ - ၄)၊ (၆ - ၀)နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာခြင်း ဖြစ်ပါတယ်။

ယခုဗိုလ်လုပွဲဟာ ၂၀၀၆ခုနှစ်အတွင်း ဂျက်စတင်ရဲ့ (၄)ကြိမ်မြောက် ဗိုလ်လုပွဲဖြစ်ပြီး ဂရင်းစ လင်းပြိုင်ပွဲတွေမှာ (၅)ကြိမ် ချန်ပီယံ ဖြစ်ဖူးပါတယ်။


မာရီရက်စ်မိုရဲ့ ရိုက်ချက်ကို တုံ့ပြန်နေတဲ့ ရှာရာပိုရာ