DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
Us Open ဆီမီးဖိုင်နယ်မှာ ရော်ဂျာ ဖာဒါရာနဲ့ ရုရှက အဆင့် (၇) ဒေဗီဒန်ကိုတို့ ဆုံ
ရိုက်တာ - စက်တင်ဘာ ၈၊ ၂၀၀၆

လက်ရှိ Us Open ချန်ပီယံဖြစ်တဲ့ ရော်ဂျာ ဖာဒါရာက အမေရိကန်သား ဂျိမ်းဘရိတ်ကီကို ကွာတားဖိုင်နယ်မှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ကမ္ဘာ့နံပါတ်တစ် ဖာဒါရာက အဆင့် (၇)ဖြစ်တဲ့ ဂျိမ်း ဘရိတ်ကီကို (၇ - ၆)၊ (၆ - ၀)၊ (၆ - ၇)၊ (၆ - ၄)နဲ့ နိုင်ခဲ့လို့ သူ့ရဲ့ (၁၀) ပွဲ မြောက် ဂရင်းစလင်း နိုင်ပွဲလည်း ဖြစ်ပါတယ်။

ဖာဒါရာဟာ လာမယ့်စနေနေ့ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၇)ဖြစ်တဲ့ ရုရှက နီကိုလေ ဒေဗီဒန်ကိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒေဗီဒန်ကိုက ဂျာမဏီသား တွမ်မီ ဟတ်စ်ကို (၄ - ၆)၊ (၆ - ၇)၊ (၆ - ၃)၊ (၆ - ၄)၊ (၆ - ၄)နဲ့ ကွာတားဖိုင်နယ်မှာ နိုင်ခဲ့ပါတယ်။

ဆွစ်သား ဖာဒါရာက သြစတြေးလျအိုးပင်းနဲ့ ၀င်ဘယ်ဒန်ပြိုင်ပွဲ အပါအ၀င် ဒေဗီဒန်ကိုနဲ့ တွေ့ဆုံသမျှ (၇)ပွဲလုံးမှာ အနိုင်ရထား ပါတယ်။

နောက်ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အမေရိကန် တင်းနစ်အကျော်အမော် နဲ့ ၂၀၀၃ Us Open ချန်ပီယံ အင်ဒီ ရော့ဒစ်က ဆီဒင်မချိတ်တဲ့ ရုရှက မစ်ဟေး ရောင်စနီနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ မစ်ဟေး ရောင်စနီက နာမည်ကျော် ကမ္ဘာ့အဆင့် (၂)ဖြစ် စပိန်က ရာဖယ် နာဒယ်ကို လက်စွမ်းပြ အနိုင်ယူပြီး ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ရော်ဂျာ ဖာဒါရာဟာ လက်ရှိ Us Open တင်းနစ်ချန်ပီယန် ဖြစ်တဲ့အပြင် ၂၀၀၄ချန်ပီယံလည်း ဖြစ်ပါတယ်။


ကမ္ဘာ့အဆင့် (၁) ဖာဒါရာရဲ့ အောင်ပွဲခံနေဟန်