ရုရှဆယ်ကျော်သက် တင်းနစ်စတား မာရီရာ ရှာရာပိုရာက ကွာတားဖိုင်နယ်မှာ ပြင်သစ်သူ တာတီရာနာ ဂလိုဗင်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ရှာရာပိုရာက ဂလိုဗင်ကို (၇ - ၆)၊ (၇ - ၆) နဲ့ အကြိတ်အနယ် ကစားပြီးမှာ အနိုင်ရခဲ့ပါတယ်။ စုစုပေါင်း ပွဲကြာမြင့်ချိန်မှာ (၂)နာရီနဲ့ (၁၁)မိနစ် ဖြစ်ပါတယ်။
ပထမပွဲငယ်မှာ နှစ်ယောက်စလုံးဟာ စပေးဘော (၃)ကြိမ်ခန့်စီ လွဲချော်ခဲ့ပြီး ဂလိုဗင်က အနိုင်ရဖို့ နောက်ဆုံးအမှတ်ရောက်ချိန်မှာ ရှာရာပိုရာက ပြန်လည်အနိုင်ရခြင်း ဖြစ်ပါတယ်။ ဒု
တိယပွဲငယ်မှာလည်း ရှာရာပိုရာက စပေးဘော (၂)ကြိမ် လွဲချော်ခဲ့ပါတယ်။
အသက် (၁၉)နှစ်ရှိ ရှာရာပိုရာဟာ နောက်တဆင့် ဆီးမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ပြင်သစ်က အမ်မီလီ မိုရက်စ်မိုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အမ်မီလီ မိုရက်စ်မိုနဲ့ ရှာရာပိုရာတို့ဟာ ပြီးခဲတဲ့ ၀င်ဘယ်ဒန် ဆီမီးဖိုင်နယ်မှာတုန်းက တွေ့ဆုံခဲ့ဖူးပြီး မိုရက်စ်မိုက အနိုင်ရထားပါတယ်။
မိုရက်စ်မိုက ကမ္ဘာ့အဆင့် (၁၂)ဖြစ်တဲ့ ဒိုနာရာ ဆာဖီနာကို
(၆ -၂)၊ (၆ - ၃)နဲ့ နိုင်ခဲ့ပါတယ်။
|