DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရာဖယ် နာဒယ် ကွာတားအဆင့်ကနေ ထွက်၊ ဖာဒါရာ နောက်တဆင့်တက်
အေဂျင်စီသတင်းများ - စက်တင်ဘာ ၆၊ ၂၀၀၆

ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်ဟာ ရုရှက ဆီဒင်မချိတ်တဲ့ မစ်ဟေး ရောင်စနီကို ကွာတားအ ဆင့်မှာ ရှုံးခဲ့တဲ့အတွက် Us Open နောက်ဆုံးဗိုလ်လုပွဲမှာ ရော်ဂျာ ဖာဒါရာနဲ့ တွေ့ဆုံနိုင်တယ် လို့ ခန့်မှန်းမှုများ အဆုံးသတ်သွား ခဲ့ပါတယ်။

နံပါတ် (၁)ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာက အဆင့် (၇၉)ဖြစ်တဲ့ ပြင်သစ်သား မားခ် ဂစ်ကွယ်ကို
( ၆ - ၃)၊ (၇ - ၆)၊ (၆ - ၃)နဲ့ အနိုင်ရခဲ့ပေမယ့် စပိန်သား နာဒယ်ကတော့ မစ်ဟေး ရောင်နီကို (၆ - ၃)၊ (၅ - ၇)၊ (၇ - ၆)၊ (၆ - ၁)နဲ့ ရှုံးခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၅၇)ဖြစ်တဲ့ မစ်ဟေးက ပြိုင်ပွဲမှာ နာဒယ်ကို တောင်ပံနှစ်ဖက်စလုံးက ရိုက်ချက်တွေနဲ့ အသားစီရယူနိုင်ခဲ့တဲ့ ပါတယ်။ ဒါ့အပြင် နာဒယ်ဟာ မစ်ဟေးရဲ့ တိကျတဲ့ ထောင့်ဘော့ကို လိုက်လံဆယ်ယူရင်း ခံစစ်ပုံစံနဲ့ ကစားခဲ့ရပါတယ်။ ယင်းပြိုင်ပွဲဟာ စုစုပေါင်း (၃)နာရီနဲ့ (၁၆) မိနစ် ကြာမြင့်ခဲ့ပါတယ်။

အသက် (၂၄)နှစ်ရှိ မစ်ဟေး ရောင်စနီက “ဒီပွဲဟာ အရမ်းကို ခက်ခက်ခဲခဲပါ။ ကျနော်အနေနဲ့ နောက်ဆုံး စတ္ထုပွဲစဉ်မှာ နာဒယ်ကို နိုင်မယ်လို့ မယုံကြည်ခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ရောင်စနီက “ဒီပွဲဟာ ကျနော်သက်တမ်းတလျှေက် အကောင်းဆုံးပွဲပါ” လို့ ပြောပါတယ်။ အသက် (၂၀)နှစ်ရှိ နာဒယ်ဟာ ယခုပွဲမှာ မထင်မှတ်ဘဲ ရှုံးနိမ်ခဲ့ပေမယ့် သူ့ရဲ့အကောင်း ဆုံးပွဲတွေကို ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ ကစာခဲ့ပြီး ဖြစ်ပါတယ်။

“ဒီနေ့ နယူးယောက်မှာ ကစားတဲ့ အခုပွဲဟာ ကျနော်ရဲ့ အကောင်းဆုံးကစားခဲ့တဲ့ ပွဲဖြစ်ချင် ဖြစ်ပါလိ့မ်မယ်” လို့ စပိန်သား နာဒယ်က ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “သူ့ရဲ့ ကစားပုံက အစပိုင်းမှာ အရမ်းမြန်ပါတယ်။ စတ္ထုပွဲငယ်မှာ ကစားရတာ အရမ်းခက်ပါတယ်။ ကျနော် ကြိုးစားပြီးတော့ ပြန်ရိုက်ခဲ့ပါတယ်။ ကျနော် ရိုက်တဲ့ဘောလုံးတွေက တချိန်လုံး စည်းအပြင်ထွက် နေပါတယ်။ ဘာကြောင့်လဲတော့ ကျနော်လည်း မသိပါဘူး” လို့ ပြောပါတယ်။

ရောင်စနီဟာ လာမယ့် တနင်္ဂနွေနေ့ အကြိုဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၁၀)ဖြစ်တဲ့ အမေရိကန်သား အင်ဒီ ရော့ဒစ်နဲ့ တွေ့ဆုံရမှာဖြစ်သလို ရော်ဂျာ ဖာဒါရာကလည်း နောက်တဆင့်ဖြစ်တဲ့ ကွာတားမှာ အမေရိကန်သား ဂျိမ်း ဘရိတ်ကီနဲ့ ကစားရမှာ ဖြစ်ပါတယ်။


ရုရှသား မစ်ဟေး ရောင်စနီ