ဗြိတိန်တင်းနစ်စတား အင်ဒီ မာရေးက ကမ္ဘာ့အဆင့် (၁၀)ဖြစ်တဲ့ ချီလီက ဖာနန်ဒို ဂွန်ဇာလက် ကို တတိယပတ်လည်မှာ (၆ - ၃)၊ (၃ - ၆)၊ (၂ - ၆)၊ (၆ - ၃)၊ (၆ - ၂)နဲ့ အနိုင်ရပြီး စတ္ထုအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၁၇)ဖြစ်တဲ့ မာရေးဟာ တစ်ပွဲနိုင် နှစ်ပွဲရှုံးဖြစ်နေရာကနေ နောက်က လိုက်ကစားပြီး အနိုင်ရခဲ့အတွက် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် (၁၆)ဦး စာရင်းသို့ ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။
“သူဟာ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကျနောက် (၂)ပွဲရှုံးနေရာက နေ ပြန်ပြီးအနိုင်ယူနိုင်တဲ့အတွက် အရမ်းကျေနပ်မိပါတယ်။” လို့ မာရေးက ပြောပါတယ်။ မာရေးဟာ ပထမပွဲမှာ နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ တတိယပွဲတို့မှာ ဂွန်ဇာလက်က လက်ရည် အသာနဲ့ ပွဲကို ထိန်းချုပ်ကစားပြီး အနိုင်ယူခဲ့ပါတယ်။
အသက် (၁၉)နှစ်ရှိ မာရေးက အက်ဂါစီရဲ့ အရှုံးနဲ့ပက်သက်လို့ “ကျနော် မကစားခင် မိနစ် (၂၀)အလိုမှာ အက်ဂါစီရဲ့ နောက်ဆုံးပွဲကို တွေ့လိုက်ရပါတယ်။ ကျနော် တော်တော် စိတ်မ ကောင်းဖြစ်သွားပါတယ်။ ဒီနေ့ဟာ ကျနော်ရဲ့ တင်းနစ်ကစားတဲ့ နေ့တွေထဲမှာ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။” လို့ ပြောပါတယ်။
၎င်းကဆက်လက်ပြီး “ကျနော်မညာတမ်း ပြောရရင် ကျနော်အပါအ၀င် ပရိတ်သတ်ထဲက အနည်းဆုံး (၅၀) ဒါမှမဟုတ် (၆၀)ရာခိုင်နူန်းလောက်ဟာ အက်ဂါစီရဲ့အရှုံးအတွက် မျက်ဝန်း တွေထဲမှာ မျက်ရည်တွေ ကျနေမှာပါ။ ဒါကို ကျနော်သိပါတယ်။” လို့ ပြောပါတယ်။
|