တင်းနစ်အကျော်အမော် အန်ဒရူး အက်ဂါစီဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ Us Open ပြိုင်ပွဲ တတိယအဆင့်မှာ စောစောစီးစီး ရှုံးပွဲတွေ့ခဲ့လို့ စိတ်မထိမ်းနိုင်အောင် တုန်ရီမောဟိုက် ငိုကြွေးရင်း ပရိတ်သတ်ကို နူတ်ဆက်ခဲ့ပါတယ်။
အသက် (၃၆)နှစ်ရှိ အက်ဂါစီဟာ ဂျာမန်ပြိုင်ဖက် ဘင်ဂျာမင် ဘက်ကာကို (၇ - ၅)၊ (၆ - ၇)၊ (၆ - ၄)၊ (၇ - ၅)နဲ့ တတိယအဆင့်မှာ ရှုံးခဲ့ပါတယ်။ အက်ဂါစီဟာ Us Open ပြိုင်ပွဲမစင်က တည်းက ယင်းပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ တင်းနစ်လောက ကနေ အနားယူတော့မယ်လို့ ကြေညာထားခဲ့ပါတယ်။
အက်ဂါစီက “ကျနော် နားနေခန်းထဲကို ၀င်ရောက်သွားတဲ့အခါမှာ လူတွေက ရပ်စောင့်နေပြီး လက်ခုပ်တီး အားပေးကြပါတယ်။ ဘယ်သူမဆို ကိုယ့်ကို ဒီလို အနီးကပ်လာရောက် ဖေးမ အားပေးထောက်ခံတဲ့သူတွေကို ဘ၀ တသက်တာလုံး မေ့လို့ရမှာ မဟုတ်ပါဘူး။” လို့ ခံစား ပြောဆိုခဲ့ပါတယ်။
အက်ဂါစီဟာ သူ့ခေတ်အခါတုန်းက နာမည်ကျော် လူကြိုက်များတဲ့ တင်းနစ်ကစားသမား တစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာ့အဆင့် နံပါတ်တစ်နေရာမှာ နှစ်အတော်ကြာ ရပ်တည်နိုင်ခဲ့ပြီး တင်းနစ်ကစားတဲ့ သက်တမ်း နှစ်ပေါင်း (၂၀)ပြည်ခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်တင်းနစ် ထိပ်သီး ဂျိမ်း ဘရိတ်ကီက အက်ဂါစီနဲ့ ပက်သက်လို့ “ကျနော်တို့ သူလိုမျိုး အားကစားမှာ ပေးဆပ်မှုတွေ မလုပ်နိုင်သေးပါဘူး။ ကျနော်တို့မှာ သူလိုမျိုး ပေးဆပ်ဖို့နိုင်ဖို့ အတွက် တာဝန်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀)အတွင်း သူလိုမျိုး နိုင်ငံတကာမှာ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ ကစားသမားမျိုး မရှိပါဘူး။” လို့ ပြောဆို ချီးကျုး ပြောဆိုခဲ့ပါတယ်။
အက်ဂါစီကို အနိုင်ယူလိုက်တဲ့ ကမ္ဘာ့အဆင့် (၁၁၂)ဖြစ်တဲ့ ဂျာမဏီက ဘင်ဂျမင် ဘတ်ကာက “ဒီနေ့ကစားတဲ့ပွဲဟာ ရုပ်ရှင်ကြည့်နေရသလိုပါပဲ။ အက်ဂါစီဟာ တင်းနစ်မှာတော့ ကျနော့်ရဲ့ ကိုးကွယ်ရာဖြစ်ပါတယ်။ ကျနော်ဟာ သူ ကစားတာတွေကို ကြည့်ပြီး ကြီးပြင်းလာသူပါ။” လို့ ပြောဆိုခဲ့ပါတယ်။
သူ့သက်တမ်းတလျှောက် ရရှိခဲ့တဲ့ ဆုတွေက ၁၉၉၅၊ ၂၀၀၀၊ ၂၀၀၁နဲ့ ၂၀၀၃မှာ သြစတြေးလျ အိုးပင်း၊ ၁၉၉၄နဲ့ ၁၉၉၉မှာ ၀င်ဘယ်ဒန်နဲ့ ပြင်သစ်အိုးပင်း ချန်ပီယံတို့ ဖြစ်ခဲ့ပါတယ်။ |