DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
၂၀၀၈ ဘေဂျင်းအိုလံပစ် အမျိုးသမီး ခြေစစ်ပွဲစဉ်များ ထွက်ပေါ်၊ မြန်မာက သြတြေးလျ၊ ဥဇဘက်ကစ္စတန်တို့နဲ့ တစ်အုပ်စုတည်းကျ
ဖက်စ်အလဲဗန်း - စက်တင်ဘာ ၂၄၊ ၂၀၀၆

တရုတ်နိုင်ငံမှာ လာမယ့် ၂၀၀၈မှာ ကျင်းပဖို့ရှိတဲ့ ဘေးဂျင်း အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင် ပွဲရဲ့ ခြေစစ်ပွဲစဉ်များကို ထုတ်ပြန်ခဲ့ရာ မြန်မာအသင်းဟာ အသင်းကြီးတွေဖြစ်တဲ့ သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ တိုင်ပေတို့နဲ့ တစ်အုပ်စုတည်း ကျရောက် ပါတယ်။

ခြေစစ်ပွဲစဉ်များကို အဆင့် (၂)ဆင့် ခွဲထားပြီး ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့မှာ ဦးစားပေး အဆင့်သတ်မှတ်ခံရတဲ့ အတွက် နောက်တဆင့်မှ စတင်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ပထမအဆင့်မှာ အသင်းပေါင်း (၁၂)သင်းကို တစ်အုပ်စုကို (၄)သင်းစီနဲ့ (၃)အုပ်စုခွဲကာ ကစားရမှာဖြစ်ပြီး အုပ်စုအသီးသီးမှာ အုပ်စုဗိုလ်နဲ့ ဒုတိယရတဲ့အသင်းက ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်မှာတော့ ပထမအဆင့်က တက်လာတဲ့ အသင်း (၆) သင်းနဲ့အတူ မြောက်ကိုရီး ယားနဲ့ ဂျပန်တို့က စတင်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ပထမအဆင့်ခြေစစ်ပွဲများကို ၂၀၀၇ ဖေဖေါ်ဝါရီ (၁၇)ရက်နေ့မှာ (၂၅)ရက်နေ့အထိ ကစားရ မှာဖြစ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲများ ကိုတော့ ဧပြီလအတွင်းမှာ ကစားမှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့် ပွဲစဉ်များမှာ အိမ်ကွင်း အဝေးကွင်းစနစ်နဲ့ အပြန်အလှန် ကစားရမှာ ဖြစ်ပါ တယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအပြီးကတည်း နားနေရာမှ အခုအခါမှာ စခန်းသွင်း လေ့ကျင့်နေပါတယ်။ အာရှအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာ အသင်းဟာ အုပ်စုအဆင့်မှာ ထိုင်းကို (၁ - ၂)၊ သြစတြေးလျကို (၀ - ၂)၊ မြောက်ကိုရီးယားကို (၀ - ၃)၊ တောင်ကိုရီးယားကို (၁ - ၃) ဂိုးတို့နဲ့ အသီးသီး ရှုံးခဲ့ပြီး အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရပါတယ်။

ဗိုလ်လုပွဲမှာ တရုတ်အသင်းက အိမ်ရှင် သြစတြေးလျအသင်းကို ပင်နယ်တီအဆုံးအဖြတ် (၄ - ၂)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

ပထမအဆင့် ခြေစစ်ပွဲ အုပ်စုများ

အုပ်စု (က) - တောင်ကိုရီးယား၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျော်ဒန်
အုပ်စု (ခ) - ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ မော်လ်ဒိုက်
အုပ်စု (ဂ) - မြန်မာ၊ ထိုင်ပေ၊ သြစတြေးလျ၊ ဥဇဘက်ကစ္စတန်


မြန်မာအသင်း အမှတ်တံဆိပ်