DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မဲခေါင်ဒေသ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ ထိုင်းဗိုလ်စွဲပြီး မြန်မာ ဒုတိယသာရ
ဖက်စ်အလဲဗန်း - စက်တင်ဘာ ၂၀၊ ၂၀၀၆

ထိုင်းနိုင်ငံ နောင်ခိုင်းဒေသမှာ ပြုလုပ်တဲ့ မဲခေါင်နိုင်ငံများ ချစ်ကြည်ရေး ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲမှာ မြန်မာ ယူ (၂၀) အသင်းက ထိုင်းယူ (၂၀)အသင်းကို ပွဲဦးထွက်မှာ (၂)ဂိုးပြတ်နဲ့ နိုင်ပေမယ့် လာအိုအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲပါတယ်။

ယင်းပြိုင်ပွဲကို မူလက မဲခေါင်ဒေသ (၆)နိုင်ငံဖြစ်တဲ့ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ဖို့ နာမည် စာရင်းပေးခဲ့ပေမယ့် နောက်ပိုင်းမှာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့သာ ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ထိုင်းအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ လာအိုအသင်းကို ပွဲပြီးကားနီး (၅)မိနစ် အလိုမှာ အသွင်းခံရတဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိုင်းအသင်းက ဒုတိယပွဲစဉ်မှာ လာအိုကို (၅)ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီး ဂိုးကွာခြားချက် အရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။

ယခုပြိုင်ပွဲဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး မဲခေါင်ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေ အကြားမှာ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားစေအောင် ပြုလုပ်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။


မြန်မာယူ (၂၀)အသင်းနဲ့ တာဝန်ရှိသူများ