စင်္ကာပူမှာ ပြုလုပ်ခဲ့တဲ့ အာရှယူ (၁၇)ပြိုင်ပွဲရဲ့ အုပ်စု (စီ) နောက်ဆုံးပွဲစဉ်မှာ ဆော်ဒီအသင်းက ခြေအသာနဲ့ ကစားကာ (၅)ဂိုးပြတ်နဲ့ မြန်မာအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက် ရောက်သွားပါတယ်။
ဆော်ဒီအသင်းရဲ့ အနိုင်ဂိုးတွေကို (၈)မိနစ်၊ (၂၉)မိနစ်၊ (၃၃)မိနစ်၊ (၃၇)မိနစ်နဲ့ (၈၂)မိနစ်တို့မှာ ကစားသမား (၄)ယောက်က သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ဆော်ဒီဟာ ဒီပွဲနိုင် တဲ့အတွက် အုပ်စု (စီ)မှာ အုပ်စုဗိုလ်အဖြစ်နဲ့ ကွာတားဖိုင်နယ်မှာ ဗီယက်နမ်ကို အနိုင်ရထားတဲ့ ဆီးရီးယားအသင်းနဲ့ တွေ့မှာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဆော်ဒီနည်းပြ ကွန်ဇ်က “ပွဲစခင်က ကျနော်တို့ လူငယ်ကစားသမားတွေကို သူတို့ကိုယ် သူတို့နိုင်မယ်လို့ တွက်ထားတာကို ချေဖျက်ပြီး စိတ်ဓါတ်လှုံ့ဆော်ပေးဖို့ တော် တော် ခက်ပါတယ်။ ဒါပေမယ့် ဒီနေ့ ရလဒ်ကိုတော့ ကျေနပ်ပါတယ်။ သူတို့ မိနစ် (၉၀)လုံးလုံး မလျော့တမ်း ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာအသင်းက အုပ်စု (စီ)မှာ မြောက်ကိုရီးယားကို (၆)ဂိုး (၂)ဂိုး၊ ဆော်ဒီကို (၅)ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့အတွက် အုပ်စုတွင်းမှာ ရမှတ်မရှိနဲ့ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။
ဆော်ဒီအသင်းဟာ ၁၉၈၅နဲ့ ၁၉၈၈တို့မှာ အာရှယူ (၁၇)ရဲ့ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ အုပ်စု (စီ)နောက်တစ်သင်းဖြစ်တဲ့ မြောက်ကိုရီးယားကတော့ ကွာတားဖိုင်နယ်မှာ အုပ်စု (ဒီ)က အုပ်စုဗိုလ်ဖြစ်တဲ့ တရုတ်အသင်းနဲ့ ကန်ရမှာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် တင်္နလာနေ့မှာ စတင်မှာဖြစ်ပြီး ဂျပန်နဲ့ အီရန်၊ ဆော်ဒီနဲ့ ဆီးရီးယား၊ တရုတ်နဲ့ မြောက်ကိုရီးယား၊ တာဂျစ်ကစ္စတန်နဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေနဲ့ ဗိုလ်လုပွဲကိုတော့ လာမယ့် စက်တင်ဘာ (၁၇)ရက်နေ့မှာ ကစား ကြမှာ ဖြစ်ပါတယ်။
|