စကာၤပူမွာ ပြုလုပ်ခဲ့တဲ့ (၁၂)ကြိမ်မြောက် အာရှယူ (၁၇)အုပ်စု (စီ)ပြိုင်ပွဲမှာ အာစီယံချန်ပီယံ မြန်မာလူငယ် အသင်းက မြောက်ကိုရီးယားအသင်းကို (၆)ဂိုး (၂)ဂိုးနဲ့ ရှုံးခဲ့ပါတယ်။
မြောက်ကိုရီးယားအသင်းက ပထမပိုင်းမှာတင် မြန်မာအသင်းဖက်ကို (၃)ဂိုးအသာနဲ့ ဦးဆောင် ကစားခဲ့ပါတယ်။ မြန်မာအသင်းက ဒုတိယပိုင်းကျမှာ (၂)ဂိုးပြန်လည် သွင်းယူနိုင်ခြင်း ဖြစ်ပါ တယ်။
မြောက်ကိုရီးယားအသင်းဟာ ပထမပွဲစဉ်မှာ ဆော်ဒီလူငယ်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးခဲ့ ပေမယ့် ကွာတားဖိုင်နယ် တက်ရောက်ဖို့ သေချာသလောက် ဖြစ်သွားပါတယ်။ မြန်မာအ သင်း လက်ကျန်ပွဲစဉ်မှာ ဆော်ဒီနဲ့ ကစားရမှာဖြစ်ပြီး ဆော်ဒီကို (၂)ဂိုးပြတ်နဲ့ နိုင်မှာသာ ကွာတား အဆင့်ကို တက်နိုင်မှာမို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ ရှိနေပါတယ်။
မြောက်ကိုရီးယားအသင်းရဲ့ အဖွင့်ဂိုးကို ဒေါင့်ကန်ဘောကနေ မြန်မာဂိုးရှေ့ကို ဖြတ်အတင်မှာ မြောက်ကိုရီးယားနောက်ခံလူ ရီ မြောင်းဂျန်က (၂၅)ကိုက် အကွာကနေ ခပ်ပြင်းပြင်း ကန်သွင်း တာ နောက်တန်းက ပြည့်ဖြိုးကိုကို ဖျက်ထုတ်တာလွဲသွားတဲ့အတွက် ဂိုးသမား စိုးမင်းသူ မတတ် နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်း (၂၄)မိနစ်ခန့်မှာ တိုက်စစ်မှူး အောင်တင်ဝင်း ညာတောင်ပံ ကနေ မြောက်ကိုရီးယား ဂိုးရှေ့ကို ဖြတ်တင်တာ နောက်ခံလူတွေနဲ့ လွတ်နေပေမယ့် မြန်မာဖက်က ပိတ်မယ့်သူမရှိလို့ ဂိုးရနိုင်တဲ့ အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။
နောက် (၆)မိနစ်အကြာမှာ မြန်မာအသင်းခေါင်းဆောင် ထွန်းနိုင်လင်း ဖရီးကစ်ကန်သွင်းခွင့် ရခဲ့ပေမယ့် မြောက်ကိုရီးယား ဂိုးသမား အို မန်ဆောင်က အစွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုတိယဂိုးကို (၃၅)မိနစ်မှာ ရီမြောက်ဂျန်ကပဲ မြန်မာပင်နယ် တီဧရိယာ အစပ်နားကနေ သွင်းယူခဲ့ပါတယ်။ တတိယဂိုးကို ပထမပိုင်းပြီးကာနီးမှာ ရီဆောင်ချို က အသင်းခေါင်းဆောင် အမ် အန်ဘွန်ရဲ့ ဒေါင့်ကန်ဘောကနေတဆင့် ထပ်မံသွင်းယူခဲ့ပါတယ်။
မြန်မာအသင်းရဲ့ ပထမချေပဂိုးကို ဒုတိယပိုင်းအစ (၁)မိနစ်လောက်မှာ လူစားဝင်လာတဲ့ ကျော်ကိုကို (၂)က တစ်ယောက်ထဲဆွဲပြေးပြီး သွင်းယူပေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ စတ္ထုဂိုး၊ ပဉ္စမဂိုးနဲ့ ဆဌမဂိုးတို့ကို (၅၃)မိနစ်၊ (၅၈)မိနစ်နဲ့ (၅၉)မိနစ်တို့မှာ သွင်းယူခဲ့ပါတယ်။ မြန်မာအသင်း (၇)မိနစ်အတွင်းမှာ (၃)ဂိုး ပြန်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
မြန်မာအသင်းရဲ့ ဒုတိယချေပဂိုးကိုတော့ (၇၅)မိနစ်မှာ နောက်ထပ် လူစားဝင်လာတဲ့ နောက်ခံ လူ အောင်ပြုံးကြိုင်က သွင်းယူပေးခဲ့ပါတယ်။
အုပ်စုအသီးသီးမှ ပထမနဲ့ ဒုတိယရတဲ့ အသင်းများဟာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အုပ်စု (ဒီ) ဗီယက်နမ်းအသင်းကတော့ ဘင်္ဂလားဒေ့ရှ်ကို (၂)ဂိုး ဂိုးမရှိနဲ့နိုင်ပြီး လက်ရှိချန်ပီယံ တရုတ်အသင်းနဲ့ တဖက် (၃)ဂိုးစီနဲ့ သရေကျထားတဲ့ အတွက် (၄)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှအသင်း တွေထဲမှာ ဗီယမ်နမ်က ကွာတားဖိုင်နယ် အဆင့်ကို တက်နိုင်ဖို့အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။
အိမ်ရှင် စင်္ကာပူက တောင်ကိုရီးယားအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးပြီး ဂျပန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားပြီး (၁)မှတ် ရထားပါတယ်။ လက်ကျန်ပွဲစဉ်အဖြစ် နီပေါအ သင်းနဲ့ ကစားရမှာ ဖြစ်ပေမယ့် ကွာတားတက်ဖို့ အလားအလာ နည်းနေပါတယ်။
မြန်မာယူ (၁၇)အသင်းဟာ ၂၀၀၄ အာစီယံချန်ပီယံဖြစ်ပြီး မြောက်ကိုရီးယားအသင်းက ပြီးခဲ့တဲ့ ယူ(၁၇)ဗိုလ်လုပွဲမှာ တရုတ်ကို ရှုံးပြီး ဒုတိယ ရထားပါတယ်။
အာရှယူ (၁၇)ပြိုင်ပွဲကို ၁၉၈၄ခုနှစ်စပြီး (၂)နှစ်တကြိမ် ကျင်းပခဲ့ရာ ယခုအကြိမ်နဲ့ပါဆို (၁၂)ကြိမ်မြောက် ဖြစ်ပါတယ်။ လက်ရှိချန်ပီယံကတော့ တရုတ်အသင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမ၊ ဒုတိယနဲ့ တတိယ ရတဲ့အသင်းများဟာ ကမ္ဘာ့ယူ (၁၇)ပြိုင်ပွဲဝင်ခွင့် အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။
|