ထိုင်းနိုင်ငံမှာ စက်တင်ဘာ (၁၂)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် မဲခေါင် ဒေသ (၆)နိုင်ငံ ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာယူ (၂၀)အသင်းရဲ့ လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာယူ (၂၀)အသင်းဟာ ပြိုင်ပွဲအကြိုလေ့ကျင့်ရေးအဖြစ် ပြည်တွင်းရှိ အဆင့်မြင့်တန်းမှ အသင်းတစ်သင်းနဲ့ ခြေစမ်းခဲ့သလို နှစ်သင်းခွဲပြီးလည်း ခြေစမ်းခဲ့ပါတယ်။
မြန်မာအသင်းဟာ ၂၀၀၅ အာစီယံယူ (၂၀)ချန်ပီယံဖြစ်ပြီး ၂၀၀၂ အာစီယံ ယူ (၁၇)ပြိုင်ပွဲ မှာလည်း ဒုတိယ ရထားပါတယ်။ ယခု မဲခေါင်ဒေသ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲမှာ မဲခေါင်မြစ်ဝှမ်း တလျှောက်မှာရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာတို့ ပါဝင်ကြပါတယ်။
ယူ (၂၀)ကစားသမားများရဲ့ အမည်စာရင်းမှာ သီဟစည်သူ၊ ဇော်မိုးထက်၊ ထူးကျော်၊ အေးဆန်း၊ ကျော်ဇေယျာဝင်း၊ သီဟ၊ မိုးဝင်း၊ ရာဇာဝင်းသိန်း၊ စိုင်းသန်းအောင်၊ အောင်မိုး၊ နေ၀င်း၊ အောင်မျိုးသန့်၊ မင်းမင်းထွန်း၊ ကျော်သီဟ၊ ပြည့်ဖြိုးဦး၊ အောင်မြင့်အေး၊ စိုးသီဟအောင်နဲ့ ခင်မောင်လွင်တို့ ဖြစ်ပါတယ်။
|