DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
လက်ဝှေ့
ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဟိုလီဖီးနဲ့ အိုကွန်ဒိုတို့ နိုဝင်ဘာလထဲမှာ ထိုးသတ်ဖို့ရှိ
အေပီ - စက်တင်ဘာ ၁၁၊ ၂၀၀၆

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ (၄)ကြိမ် ဖြစ်ဖူးတဲ့ အီဗန်ဒါ ဟိုလီဖီးဟာ စိန်ခေါ်ပွဲအဖြစ် လာမယ့် နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ဖရက်စ် အိုကွန်ဒိုနဲ့ ထိုးသတ်မှာ ဖြစ်ပါတယ်။

အသက် (၄၃)နှစ်ရှိ ဟိုလီဖီးဟာ ကာလကြာရှည် အနားယူနေရာကနေ တကျော့ပြန် စိန်ခေါ် ပွဲတွေ ထိုးသတ်ခြင်း ဖြစ်ပြီး လွန်ခဲ့တဲ့ သြဂုတ်လ (၁၈)ရက်နေ့ကလည်း ဒါးလက်စ်မှာ ပြုလုပ်တဲ့ စိန်ခေါ်ပွဲမှာ ဂျရမီ ဘတ်တီစ်ကို နှစ်ချီထဲနဲ့ အလဲထိုး အနိုင်ယူခဲ့ပါတယ်။

ဟိုလီဖီးက “လူတွေက ကျနော်ကို ဒီအရွယ်အထိ ဘာလို့ လက်ဝှေ့ ဆက်ထိုးနေသလဲလို့ မေးကြပါတယ်။ ကျနော့် အဖြေကတော့ အမြဲတမ်း ဖြေနေကျ အဖြေနဲ့ အတူတူပါပဲ။ ဒါက ကျနော် နောက်တစ်ကြိမ်ထပ်ပြီး ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်ချင်ပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ကျနော် မထိုးနိုင်တဲ့ တစ်နေ့မှာ ဘေးထွက်ထိုင်နေမှာပါ။ ကစားနိုင်သ ရွေ့တော့ လက်ဝှေ့ကြိုးဝိုင်း ထဲမှာ ရှိနေအုံးမှာပါ” လို့ ပြောပါတယ်။

အသက် (၃၃)နှစ်ရှိ အိုကွန်ဒိုဟာ ပွဲပေါင်း (၂၂)ပွဲ ထိုးသတ်ခဲ့ရာမှာ ပွဲတိုင်းနိုင်ခဲ့ပေမယ့် လွန်ခဲ့ တဲ့ ၂၀၀၃ မှာတုန်းက အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်နဲ့ ခရစ် ဘရပ်ကို ရှုံးခဲ့ပါတယ်။

ဟဲဗီးဝိတ် ချန်ပီယံ (၄)ကြိမ် ရရှိဖူးတဲ့ ဟိုလီဖီးဟာ သူ့ရဲ့ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံဆုကို ၁၉၉၀မှာ ဒေါက်ကလပ်ကို အနိုင်ယူပြီး ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


အိုကွန်ဒို (၀ဲ)နဲ့ ချန်ပီယံဟောင်း ဟိုလီဖီး (ယာ)