DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အာရှယူ (၁၇) ဗိုလ်လုပွဲမှာ ဂျပန်က မြောက်ကိုရီးယားကို နိုင်ပြီး ချန်ပီယံဆုကို ဆွတ်ခူး
အေဂျင်စီသတင်းများ - စက်တင်ဘာ ၁၉၊ ၂၀၀၆

စကာင်္ပူမှာ ပြုလုပ်ခဲ့တဲ့ အာရှယူ (၁၇) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျပန်က မြောက်ကိုရီးယား အသင်းကို အချိန်ပိုနောက်ဆုံး (၇)မိနစ်မှာ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဂျလန် ဘေဆာကွင်းမှာ ယှဉ်ပြိင်ခဲ့တဲ့ပွဲမှာ နှစ်သင်စလုံးဟာ မိနစ် (၉၀)အထိ တစ်ဖက် နှစ်ဂိုး စီနဲ့ သရေဖြစ်နေလို့ အချိန်ပို ဆက်လက်ကစားရမှာ ဂျပန်အသင်းမှ လူစားဝင် လာတဲ့ ကာဝါနို က အချိန်ပိုမိနစ် (၁၁၃)မိနစ်နဲ့ (၁၂၀) မိနစ်တို့မှာ အနိုင်ဂိုး (၂)ဂိုးစလုံးကို သွင်းယူပေး ခဲ့ပါ တယ်။

ထိုပွဲမှာ မြောက်ကိုရီးယားအသင်းက ပထမပိုင်း (၆)မိနစ်နဲ့ (၂၄)မိနစ်တို့မှာ ဦးဆောင်ဂိုးများ စတင်သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂျပန်အသင်းက ချေပဂိုး (၂)ဂိုးစလုံးကို ပြန်လည် သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ ဂျပန်နည်းပြ ဂျိုဖူကူက “ပထမပိုင်းမှာ ကျနော်တို့ (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနေတဲ့အတွက် ကစားသမားတွေကို စိတ်မလျော့ဖို့ ပြောခဲ့ပါတယ်။ ရလဒ်ကို မစိုးရိမ်ဘဲ ကစားတာကိုပဲ အာရုံစိုက်ဖို့ မှာ ကြားခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ကာကီတာနီ ဒုတိယပိုင်းအစမှာ ချေပဂိုး ပြန်သွင်းပြီးတဲ့အခါမှာ ပွဲစဉ်အခြေအနေဟာ ပြောင်းလဲတော့မယ်လို့ ကျနော်သိခဲ့ပါတယ်။ အခုလို အနိုင်ရတာဟာ အသင်းရဲ့ ကြိုးစားမှုကြောင့်ဖြစ်ပါတယ်” လို့ ထပ်ပြောပါတယ်။

ဂျပန်အသင်းဟာ အာရှယူ (၁၇)ချန်ပီယံဆုကို ၁၉၉၄ တုန်းက ကာတာအသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။ ယခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက် အာရှယူ (၁၇)ချန်ပီယံ ဆုကို ရရှိခြင်းဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အာရှယူ (၁၇)ချန်ပီယံဆုနဲ့အတူ အသန်းရှင်းဆုံး အသင်းဆုကိုလည်း ရရှိခဲ့ပြီး ပြိုင်ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ဂျပန်ကွင်းလယ်က ကာကီတာနီကဘဲ ရရှိခဲ့ပါတယ်။ ပွဲစဉ်တလျှောက် သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးအများသွင်းယူနိုင်တဲ့ ဆီးရီးယားတိုက်စစ်မှူး မိုဟာမက် ဂျဖာက ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။

တတိယနေရာလုပွဲမှာ တာဂျစ်ကစ္စတန်က ဆီးရီးယားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ (၈)ဂိုး (၇)ဂိုးနဲ့ နိုင်ပြီး တတိယဆု ရခဲ့ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ လွန်ခဲ့တဲ့(၂)နှစ်ကလည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး တရုတ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ကပ်ရှုံးခဲ့လို့ ဒုတိယဆု ရခဲ့ပါတယ်။ အခုတစ်ခါမှာလည်း ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲအတွက် နှစ်နှစ်ဆက်တိုက် ဒုတိယရတဲ့ အသင်းဖြစ်လာပါတယ်။

အာရှယူ (၁၇)ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ၁၉၈၄ မှာ စတင်ခဲ့ပြီး (၂)နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ မြန်မာအသင်းဟာ ယင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် မြောက်ကိုရီးယား နဲ့ ဆော်ဒီတို့ကို ရှုံးပြီး အုပ်စုအဆင့်မှ အိမ်ပြန်ခဲ့ရပါတယ်။


ချန်ပီယံ ဆုဖလားနဲ့ ဂျပန်အသင်းသားများ