DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဘိုင်ယန်က ဘောလက်နေရာကို ဘာစီလိုနာမှ ဘွန်းမဲလ်နဲ့ အားဖြည့်
ရိုက်တာ - သြဂုတ် ၂၇၊ ၂၀၀၆

ဘိုင်ယန်မြူးနစ်က သူ့အသင်းကနေ ထွက်ခွာသွားတဲ့ မိုက်ကယ်ဘောလက်နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာမှ ဟော်လန်သား ဗန်ဘွန်မဲလ်ကို (၃)နှစ်စာချုပ်နဲ့ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ အူလီ ဟိုးနက်စ်က “ဘွန်မဲလ်ကို ၀ယ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ သဘောတူညီချက် ရပြီးပါပြီ။ ဒါပေမယ့် ဘွန်မဲလ်ကို ၀ယ်ယူခြင်းဟာ အိုဝင်ဟာ့ဂဗေး ကို အသင်းကနေ ထွက်ခွာသွားအောင် မီးစိမ်းပြလိုက်တာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဟိုးနက်စ်က ဆက်လက်ပြီး “သူ့အနေနဲ့ ဆေးစစ်မှု အောင်မြင် ပြီးရင် (၃)နှစ်စာချုပ်ဖို့ ရှိပါတယ်။ နှစ်ဖက်အသင်းကြားမှာ ပြောင်းရွှေ့ကြေးအတွက်လည်း သဘောတူညီမှု ရခဲ့ပါတယ်” လို့ ဆက် ပြောပါတယ်။

ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘောလက်အသင်းကနေ ထွက်ခွာဖို့အတွက် လေသံပစ်ချိန်ကတည်းက ဗွန်မဲလ်နဲ့ ခေါ်ယူ အားဖြည့်ဖို့အတွက် ကြံစည်ထားခဲ့ခြင်းဖြစ်ပါတယ်။ အိုဝင်ဟာ့ဂဗေး ဟာလည်း ဘိုင်ယန်အသင်းကနေ မန်ယူကို ပြောင်းရွေ့ချင်တဲ့ ဆန္ဒကို ထုတ်ဖော် ခဲ့ပါတယ်။

အိုဝင်ဟာ့ဂဗေးနဲ့ ပက်သက်လို့ ဘိုင်ယန်နည်းပြက “အိုဝင်အနေနဲ့ ဒီမှာနေတာ အကောင်းဆုံးပါ။ ကျနော် အလောင်းအစား လုပ်ရဲ ပါတယ်။ မန်ယူဟာ အိုဝင်မပါဘဲ သူ့အသင်းကို တည်ဆောက် သွားပါလိ့်မ်မယ်” လို့ ပြောခဲ့ပါတယ်။

အသစ်ခေါ်ယူခဲ့တဲ့ ဟော်လန်လက်ရွေးစင် ဘွန်းမဲလ်ဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၄၀)ခန့် ကစားပေး ခဲ့ပါတယ်။


ဘွန်းမဲလ်