ဥရောပဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ရာသီအတွက် ချီးမြှင့်တဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာမှ ဘရာဇီးလက်ရွေးစင် ရော်နယ်ဒင်ဟိုက ရရှိခဲ့ပါတယ်။
နေရာအလိုက်အကောင်းဆုံးကစားသမား ဆုများကို ချီးမြှင့်ရာတွင် အကောင်းဆုံး တိုက်စစ်မှူးဆုကို ဘာစီလိုနာမှ အီတိုး၊ အလယ်တန်းနဲ့ နောက်တန်းကစားသမားဆုကိုတော့ ဘာစီလိုနာမှ ဒေကိုနဲ့ ပူးယိုလ်တို့က ရရှိခဲ့ပါတယ်။
အကောင်းဆုံးဂိုးသမားဆုကိုတော့ အာစင်နယ်မှ ဂျာမန်ဂိုးသမား လေးမန်းက ရရှိခဲ့ပါတယ်။ ယခုနှစ်အတွက် ဆု (၄)ဆုကို ဘာစီလိုနာအသင်းမှ သိမ်းကျုံးယူငင် သွားနိုင်ခဲ့ပါတယ်။
|