ဗြိတိန်က ဆယ်ကျော်သက် တင်းနစ်စတား အင်ဒီမာရေးက ပထမအဆင့်မှာ အမေရိကန်က ရောဘတ် ကန်ဒရစ်ကို အနိုင်ရပြီး ဒုတိယအဆင့်ကို တက်ရောက်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၁၇)ဖြစ်တဲ့ အင်ဒီ မာရေးက ရောဘတ် ကန်ဒရစ်ကို (၆ - ၂)၊ (၁ - ၆)၊ (၆ - ၃)၊ (၆ - ၃)နဲ့ ကစားပြီးမှ အနိုင်ရခဲ့ပါတယ်။ မာရေးဟာ ဒုတိယအဆင့်မှာ အီတလီက အလက်စီယို ဒီ မူရိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အသက် (၁၉)နှစ်ရှိ မာရေးက “ဒီပွဲကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ကျနော် နဂိုကတည်းက တွက်ထားပါတယ်။ ရောဘတ်ရဲ့ ရိုက်ချက်တွေက ထိန်းရခက်ပါတယ်။ နောက်ပြီး သူအ ကောင်းဆုံး စပေးဘောတွေကို ထိုးနိုင်ခဲ့ပါတယ်။ သူ့စပေးဘောတွေကို တကယ့် ထိပ်သီး ကစားသမားတွေ အတိုင်းပဲ” လို့ ပြောခဲ့ပါတယ်။
|