DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
US Open အဖွင့်ပွဲစဉ်မှာ ရော့ဒစ်နိုင်ပြီး အီဗန်လွတ်ဘစ်ဆစ် ရှုံး
အေဂျင်စီသတင်းများ - ၂၉ သြဂုတ်၊ ၂၀၀၆

ယမန်နေ့က စတင်ခဲ့တဲ့ US Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ အန်ဒီရော့ဒစ်က လက်ရည်အသာစီးနဲ့ ဖလော့ရန့် ဆာရာကို နိုင်ခဲ့ပြီး၊ စပိန်က ဖယ်စီရာနိုလိုပက်ဇက်က နာမည်ကြီး အီဗန် လွတ်ဘစ်ဆစ်ကို အနိုင်ယူခဲ့ ပါတယ်။

ကမ္ဘာ့အဆင့် (၉)ဖြစ်တဲ့ ရော့ဒစ်က (၆-၂)၊ (၆- ၁)၊ (၆-၃) နဲ့ (၃)ပွဲပြတ်နိုင်ပြီး လွတ်ဘစ်ဆစ်က (၆-၃)၊ (၆-၃)၊ (၆-၃)နဲ့ ရှုံးခဲ့ပါတယ်။ ပွဲအပြီးမှာ ရော့ဒစ်က “ကျနော် အခုယုံကြည်မှုတွေ တိုးပွားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ခရိုအေးရှားနိုင်ငံသား လွတ်ဘစ်စစ်က “အခုလို အလွယ်တကူနဲ့ ရှုံးလိမ့်မယ်လို့ ကျနော်ထင်မထားပါဘူး။ သူရဲ့ စပေးဘောတွေက အရမ်းကိုကောင်းပါတယ်” လို့ ပြောခဲ့ ပါတယ်။

အသက် (၂၃)နှစ်ရှိ ၂၀၀၃ ချန်ပီယံ ရော့ဒစ်က ဆက်လက်ပြီး “ကျနော် ဒီပွဲကို သက်တောင့် သက်သာနဲ့ပဲ အနိုင်ရခဲ့ပါတယ်။ ကျနော် အရမ်းကြည်နူးမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

တင်းနစ်လောက ကနေအနားယူတော့မယ်လို့ ကြေညာထားတဲ့ အသက် (၃၆)နှစ်ရှိ အက်ဂါစီ က ပထမအဆင့်မှာ ရိုမေးနီးယားက အန်ဒီရာ ပေဗာယ်ကို (၆-၇) (၄)၊ (၇-၆) (၈)၊ (၇-၆) (၆)၊ (၆-၂)နဲ့ (၃)နာရီခွဲကျော်ကြာ ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့ပါတယ်။

ထိုင်းတင်းနစ်စတား ပါရာဒွန်က ကမ္ဘာ့အဆင့် (၂၄)ဖြစ်တဲ့ အာဂျင်တီးနားက ဂျိုဆေး အက်ဆူဆိုကို (၆-၃)၊ (၃-၆)၊ (၇-၆)၊ (၆-၇)၊ (၆-၃)နဲ့ နိုင်ခဲ့ပါတယ်။


အန်ဒီရော့ဒစ်ရဲ့ ကစားဟန်