DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရာဖယ် နာဒယ်နဲ့ အင်ဒရူး မာရေးတို့ Cincinnati Masters ကွာတားဖိုင်နယ်မှာ ရှုံးပွဲတွေ့
အေဂျင်စီသတင်းများ၊ ၁၉၊ သြဂုတ်၊ ၂၀၀၆

ကမ္ဘာ့တင်းနစ်အဆင့် (၂)ဖြစ်တဲ့ ရာဖယ် နာဒယ်ကို စပိန်သားပြိုင်ဖက် ဂျုအန် ကားလို့စ် ဖာရာရိုက အိုဟိုင်းအိုး Cincinnati Masters ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ (၇- ၆)၊ (၇- ၆)နဲ့ အနိုင်ယူခဲ့ပါတယ်။

ဖာရာရိုဟာ ယခင်တွေ့ဆုံခဲ့ဖူးတဲ့ (၄)ကြိမ်စလုံးမှာ နာဒယ်ကို တစ်ခါမှ မနိုင်ဖူးခဲ့ပါဘူး။ အခုလို ကွာတားဖိုင်နယ်မှာ အနိုင်ရလိုက်တဲ့အတွက် ဖာရာရိုဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၇)ဖြစ်တဲံ ခရိုအေးရှားက အီဗန် လူဘစ်စစ်ကို (၇- ၆)၊ (၆- ၂)နဲ့ အနိုင်ယူလိုက်တဲ့ တိုမီ ရိုဘီဒိုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်က ``သေချာတာ တစ်ခုကတော့ ကျနော်သက် တမ်းတလျောက်မှာ ဒီပွဲလောက် ကောင်းကောင်းမကစားနိုင်ခဲ့တဲ့ ပွဲမရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ကျနော်လက်ရည်က သိပ်အဆိုးကြီးတဲ့ မဟုတ်ခဲ့ပါဘူး။´´ လို့ ပြောဆိုခဲ့ပါတယ်။

၂၀၀၃မှာ ကမ္ဘာ့အဆင့် (၁)ဖြစ်ခဲ့ဖူးတဲ့ ဖာရာရိုက ``ဒီအနိုင်ပွဲဟာ ကျနော်အတွက်တော့ အထူးပွဲပါပဲ။ အကြောင်းကတော့ နာဒယ်ဟာ ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစား သမား တွေထဲက တစ်ယောက်ဖြစ်လို့ပါ။´´ ပြောဆိုခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့် (၃၁)ဖြစ်တဲ့ ဖာရာရိုက ``ကျနော် ဒီပြိုင်ပွဲလို ပွဲစဉ်တွေ အများကြီး ကစားနိုင်မယ်လို့ ထင်ပါတယ်။ လာမယ့် US Open မှာလည်း အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။´´ လို့ ထပ်ပြောခဲ့ပါတယ်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုမှာတော့ ကမ္ဘာ့အဆင့် နံပါတ်တစ်ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာကို ဒုတိအဆင့်မှာ အနိုင်ယူ ခဲ့တဲ့ ဗြိတိန်သား အင်ဒရုး မာရေးကတော့ အမေရိကန်က အင်ဒီ ရော့ဒစ်ကို ကွာတားဖိုင်နယ်မှာ ရူံးနိမ့်ခဲ့ပါတယ်။

ferro

ကမ္ဘာ့အဆင့် (၂) နာဒယ်ကို အနိုင်ယူအပြီးမှာ အောင်ပွဲခံနေတဲ့ ဖာရာရို