အမေရိကန်နိုင်ငံ အီလီနွိုင်းရှိ Medinah Country Club မှာ ပြုလုပ်တဲ့ (၈၈)ကြိမ်မြောက် PGA championship ပြိုင်ပွဲမှာ ဂေါက်သီးစတား တိုက်ဂါး ၀ုဒ်က (၅)ချက် လျော့ရိုက်ချက်နဲ့ အ လွယ် တကူ အနိုင်ရခဲ့ပါတယ်။
တိုက်ဂါး ၀ုဒ်ဟာ ယခုဆုနဲ့ပါဆို ချန်ပီယံဆုပေါင်း (၁၂)ခု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပွဲအပြီးမှာ ၀ုဒ်က “အရမ်း ချိုမြိန်တဲ့ နိုင်ပွဲပါ။ အဲဒီမှာ ကျနော်အတွက် အထူးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး မြက်ခင်းစိမ်းတွေပေါ်မှာ ကျနော် မှော်ဆန်တဲ့ ရိုက်ချက်တွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။” သတင်းထောက်များအမေးကို ပြုံး ရွှင်လျှက် ဖြေဆိုခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး “ဒီနေ့ ကစားတဲ့နေအခါမှာ ကျနော်ဆီ ဘောလုံးရတဲ့အချိန်တိုင်းမှာ မြက်ခင်းစိမ်းပေါ်မှာ လိုရာကို ရောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ။် ဒါမျိုးဟာ ဘယ်သူမှ မကြာခဏ ဖြစ်လေ့ရှိတဲ့ ခံစားမှုမျိုး မဟုတ်ပါဘူး။” လို့ ထပ်ပြောပါတယ်။ |