DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မာဒေးကား ဒုတိယနေ့မှာ မြန်မာနဲ့ အင်ဒိုတို့ ထပ်မံသရေကျပြီး၊ မလေးရှားက ထိုင်းကိုနိုင်
အေဂျင်စီသတင်းများ - ၂၆ သြဂုတ်၊ ၂၀၀၆

(၃၈)ကြိမ်မြောက် မာဒေးကားဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်မှာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းနဲ့ ဂိုးမသွင်းနိုင်ဘဲ သရေကျပြီး အိမ်ရှင်မလေးရှားအသင်းကတော့ ထိုင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ ပထမပွဲတုန်းကလလည်း မလေးရှားနဲ့ သရေဖြစ်ထားလို့ မြန်မာနဲ့ပွဲမှာ အနိုင်ရမှ နောက်ဆုံးဗိုလ်လုပွဲ တက်နိုင်မှာမို့ ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာအသင်းကလည်း ထိုင်းအသင်းနဲ့ သရေကစားထားနိုင်တဲ့ အတွက် အင်ဒို အသင်းကို စိတ်ဓါတ်တက်ကြွစွာ ယုံကြည်မှု အပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားနိုင်ခဲ့ပြီး အမှားအယွင်း မရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အခုလို အင်ဒိုကို သရေကစားနိုင်တဲ့အတွက် ဗိုလ်လုပွဲတက်ဖို့အတွက် မျှော်လင့်ချက်ကတော့ ရှင်သန်နေ ပါတယ်။

ထိုင်းနဲ့ မလေးပွဲမှာတော့ မလေးအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး အင်ဒရာက မိနစ် (၄၀)မှာ ဖရီးကစ်ကနေတဆင့် သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ ဂိုးပေးရပြီးနောက် ဒုတိယပိုင်းမှာ ချေပဂိုးရရှိရေးအတွက် တိုက်စစ်ဆင်ကာ မလေးနောက်တန်းကို ဖိအားပေး ကစားနေစဉ် (၆၂)မိနစ်မှာ လူစားဝင်လာတဲ့ တာနာ ချာနာဘတ်က မလေးဂိုးပေါက်ထဲကို ၀လုံး ထိုး မြေနိမ့်ဘောကန်သွင်းပြီး ချေပဂိုး ယူခဲ့ပါတယ်။

မလေးရဲ့ အနိုင်ဂိုးကိုတော့ (၇၈)မိနစ်မှာ တိုက်စစ်မှူး အင်ဒရာ ကပဲ ထိုင်းနောက်ခံလူတွေရဲ့ နားလည်မှုလွဲမှားရာကနေ တဆင့်  ကန်သွင်းယူခဲ့ပါတယ်။

နောက်ဆုံးပတ်လည်ပွဲမှာ မနက်ဖြန်မှာယှဉ်ပြိုင်မှာဖြစ်ပြီး  မြန်မာနဲ့  အိမ်ရှင်မလေးရှား၊ ထိုင်းနဲ့ အင်ဒိုအသင်းတို့ ကစားရမှာ ဖြစ်ပါတယ်။ လောလောဆယ်အနေအထားအရ နောက်ဆုံး ဗိုလ်လုပွဲရောက်ဖို့ အတွက် အသင်းတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီရှိနေကြပါတယ်။ ဗိုလ်လုပွဲ ကိုတော့ လာမယ့် အင်္ဂါနေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


မလေးတိုက်စစ်မှူးက ထိုးဖက်ကို ဂိုးသွင်းနေစဉ်