DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အာစီယံ ယူ (၁၇) ပွဲမှာ မြန်မာက လာအိုကိုနိုင်ပြီး ဗီယက်နမ်ကို ရှုံး
၁၆၊ သြဂုတ်၊ ၂၀၀၆

ဗီယက်နမ်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် အာစီယံ ယူ (၁၇)ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပွဲဦးထွက်မှာ လာအို အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ဗီယက်နမ် အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ မြန်မာလူငယ် အသင်းရဲ့ လာအိုအသင်းဖက်ကို သွင်းတဲ့ အနိုင်ဂိုးကို အသင်း ခေါင်းဆောင် ပြည့်ဖြိုးဦးက (၃၈) မိနစ်မှာ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်မှာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ဂိုးပြတ် (၄) ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ယင်းပွဲနဲ့ ပက်သက်လို့ မြန်မာအသင်းအုပ်ချုပ်သူ ဦးမောင်ဝင်းက “ဗီယက်နမ်ရဲ့ အဓိက ကစားသမား (၅) ယောက် လောက်က အသက် (၁၇) နှစ်အောက်လို့ မထင်ရအောင် ထွားကြိုင်းပါတယ်။” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်အသင်းရဲ့ အဖွင့်ဂိုးကို ပထမပိုင်း မိနစ် (၄၀) မှာ စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း (၅) မိနစ်၊ (၁၆) မိနစ်နဲ့ (၂၆) မိနစ်တို့မှာ အသီးသီး ဆက်လက် ဂိုးသွင်းယူခဲ့ပါတယ်။

မြန်မာလူငယ်နဲ့ ဗီယက်နမ်ကစားသမားတို့ အပြိုင်လုနေစဉ်