မလေးရှားနိုင်ငံမှာ သြဂုတ် (၂၃)ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ မာဒေးကားဘောလုံးပြိုင်ပွဲဝင်မဲ့ မြန်မာ့ လက်ရွေးစင်အသင်း လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက် ပါတယ်။
ရွေးချယ်လိုက်တဲ့ (၁၈)ယောက်စာရင်းမှာ ပဏာမလူစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ လက်ရွေးစင်ဟောင်း မျိုးလှိုင်ဝင်း မပါဝင်ခဲ့ပါဘူး။ ယခုထုတ်ပြန်တဲ့လူစာရင်းမှာ - ဂိုး၊ အောင်အောင်ဦး၊ ကိုကိုအောင်၊ နောက်တန်း၊ မင်းသူ၊ ဇော်လင်းထွန်း (၂)၊ မိုးဝင်း၊ ခင်မောင်လွင်၊ ကျော်ဇေယျာမင်း၊ အလယ်တန်း၊ စိုးသီဟအောင်၊ အောင်မျိုးသန့်၊ စိုးမြတ်မင်း၊ အောင်ကျော်မိုး၊ ဇော်ဇော်၊ ခင်မောင်ထွန်း၊ ရှေ့တန်း၊ စည်သူဝင်း၊ ရန်ပိုင်၊ ကျော်သူရ တို့ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲဟာ အမှတ်ပေးတဲ့စနစ်နဲ့ ပတ်လည်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်အများဆုံးရတဲ့ အသင်းက ချန်ပီယံ ဖြစ်ပါလိမ့်မယ်။
|
 |
ပြိုင်ပွဲ အချိန်ဇယား
၂၃၊ ၈၊ ၂၀၀၆ ထိုင်း - မြန်မာ (မြန်မာစံတော်ချိန် - ၁၇း၀၀၊ ထိုင်း - ၁၆း၃၀)
၂၃၊ ၈၊ ၂၀၀၆ မလေးရှား - အင်ဒို (မြန်မာစံတော်ချိန် - ၁၉း၁၅၊ ထိုင်း - ၁၈း၄၅)
၂၅၊ ၈၊ ၂၀၀၆ အင်ဒို - မြန်မာ (မြန်မာစံတော်ချိန် - ၁၇း၀၀၊ ထိုင်း - ၁၆း၃၀ )
၂၅၊ ၈၊ ၂၀၀၆ မလေးရှား - ထိုင်း (မြန်မာစံတော်ချိန် - ၁၉း၁၅၊ ထိုင်း - ၁၈း၄၅)
၂၇၊ ၈၊ ၂၀၀၆ ထိုင်း - အင်ဒို (မြန်မာစံတော်ချိန် - ၁၇း၀၀၊ ထိုင်း - ၁၆း၃၀)
၂၇၊ ၈၊ ၂၀၀၆ မလေးရှား - မြန်မာ (မြန်မာစံတော်ချိန် - ၁၉း၁၅၊ ထိုင်း - ၁၈း၄၅) |