DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
လက်ဝှေ့
နိုင်ပွဲနဲ့ လက်ဝှေ့လောကထဲကို ပြန်လာတဲ့ ချန်ပီယံဟောင်း ဟိုလီဖီး
အေဂျင်စီသတင်းများ၊ ၁၉၊ သြဂုတ်၊ ၂၀၀၆

အမေရိကန်နိုင်ငံ ဒါလက်စ်မှာ ပြုလုပ်တဲ့စိန်ခေါ်ပွဲမှာ အီဗန်ဒါ ဟိုလီဖီးက ပြိုင်ဖက် ဂျရမီး ဘက်တစ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူခဲ့ပါတယ်။

အသက် (၄၃)နှစ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း ဟိုလီဖီးရဲ့ ထိုးသတ်မှုကြောင် ဘက်တစ်ဟာ ပထမအချီမှာပင် အလူးအလဲ ခံလိုက်ရပါတယ်။ ဒုတိယအချီ ပြန်အစမှာ ဟိုလီးဖီးဟာ သူ့ရဲ့ ရက်စက်တဲ့ ထိုးကွက်တွေနဲ့ ထိုးသတ်ခဲ့လို့ ဒုတိယအချီပြီးဖို့ (၄)စက္ကန့်အလိုမှာ ဘက်တစ်ဟာ ပြန်မထိုးနိုင်တော့လို့ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ် (၄)ကြိမ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အမေရိကန်သား ဟိုလီဖီးဟာ (၅)ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့အတွက် လိုးလားနေပါ တယ်။

ဟိုလီဖီးက ``ကျနော်ဒီလို နိုင်ပွဲနဲ့ ပြန်လာနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ လူတွေက ကျနော်ကို အသက်ကြီးလို့ လက်ဝှေ့ မထိုးနိုင်တော့ဘူးလို့ ထင်နေပါတယ်။´´ ပြောဆိုခဲ့ပါ တယ်။

၁၉၉၀မှာ ကမ္ဘာ့ဟဲဗီးဝတ် ချန်ပီယံဖြစ်လာတဲ့ ဟိုလီဖီးဟာ လာရီ ဒေါ်နယ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ၂၀၀၄မှာ ရှုံးပြီးကတည်းက လက်ဝှေ့လိုင်စင် ရုပ်သိမ်းတာ ခံခဲ့ရပြီး နားနေခဲ့ရပါတယ်။

ချန်ပီယံဟောင်း ဟိုလီဖီးဟာ လာမယ့် ၂၀၀၇ လက်ဝှေ့ပြိုင်ပွဲ တွေမှာ ၀င်ရောက် ထိုးသတ်ဖို့ စိုင်းပြင်းနေပြီးတော့ ဆုတံဆိပ်တွေ ခါးပတ်တွေကို ရနိုင်သလောက် ယူဖို့ အစီအစဉ် ရှိပါတယ်။

Holyfiel

ပြိုင်ပွဲဝင်ဖို့အတွက် ကိုယ်အလေးချိန် တိုင်းတာမှုခံယူနေတဲ့ ဟိုလီဖီး